Intro

26.3K 1K 23
                                    

Punishment Type ဖြစ်တယ်နော်...
ကိုယ်ထပ်ပြောမယ် Punishment type (အပြစ်ဒဏ်)

Unicode

ရာသီဥတုက အုံ့မှိုင်းမှိုင်း။ မိုးချိန်းသံတွေက ကျွန်တော့်နားကို နှိပ်စက်နေသလို။

အေးစက်စက် စိုထိုင်းထိုင်း ရာသီဥတုကိုကြိုက်ပင်မဲ့ မိုးချိန်းသံတွေ ရောယှက်နေတဲ့ ရာသီဥတုကိုတော့ မကြိုက်ဘူး။

"မိုးရေထဲမှာ ဒူးထောက်နေ"

ခပ်ပြတ်ပြတ်ထွက်ပေါ်လာတဲ့ ကျွန်တော့်ရဲ့ အုပ်ထိန်းသူရဲ့အသံ

အပြစ်ပေးစနစ်တွေနဲ့ နေခိုင်းပင်မဲ့ ကြောက်ရွံ့မှုမရှိတဲ့ကျွန်တော်

ကြောက်ရွံ့ရမဲ့အစား ရင်ခုန်သံတွေကဘဲ ထွက်ပေါ်လာသည်။

အဲ့လိုဘဲ Kim Taehyung ဆိုတဲ့ကျွန်တော်က အုပ်ထိန်းသူပန်းချီဆရာနဲ့ပတ်သတ်ရင် ရူးရူးမိုက်မိုက်ဘဲ။

"ပြောတာကြားလား Taehyung ! မိုးရေထဲမှာ ဒူးထောက်နေလို့"

"မိုးတွေချိန်းနေတယ်"

ဖြောင်း!

အ့

ခြေသလုံးပေါ်ကျလာတဲ့ ကြိမ်လုံး

နာကျင်ခြင်းထက် အသားက ပိုစပ်တာ

"နောက်ဆုံးတစ်ခေါက်ထပ်ပြောမယ်..မိုးရေထဲမှာ ဒူးထောက်"

အုပ်ထိန်းသူရဲ့ မျက်၀န်းကို မော့ကြည့်လိုက်တော့ ဒေါသခြင်းတွေကြားက စူးရှမှု

ထိုမျက်၀န်းကိုဘဲ ကျွန်တော်ကနှစ်သက်တာ

"မိုးချိန်းသံတွေကို ကျွန်တော်မကြိုက်တာ ပန်းချီဆရာသိပါတယ်"

"ပြန်ပြောစမ်း"

"ပန်းချီဆရာ ကျွန်တော်..."

ဖြောင်း!!

အား

အားပြင်းလွန်းတဲ့ ရိုက်ချက်ကြောင့် ပါးပြင်ပေါ်ကျဆင်းလာတဲ့ မျက်ရည်ပူတွေ

You and I's destiny (Completed )Where stories live. Discover now