Part 13

7.3K 631 24
                                    

Unicode

အမ LiLi အကူအညီနဲ့ နှစ်ယောက်သား Spa မှာ skincare ခြင်းအမှု ပြုနေသည်။

စကားပြောလိုက် စားလိုက်နှင့်

လွတ်လပ်သည့်အရသာကို အခုမှပြန်ခံစားနေရသလို

"Jelly mask သုံးချင်ပင်မဲ့ သခွားသီးကပ်မှာဆိုတော့ ကလေးကော ဘာ skincare သုံးမှာလည်း"

"ကျွန်တော်....အမ်"

ပြထားသည့် စာအုပ်ကနေ ဘာရွေးလို့ရွေးမှန်းမသိ ဖြစ်နေသည်။

တကယ်ဆို ယောကျ်ားလေးဆိုပင်မဲ့ ဒီလို Skincare protacts တွေနဲ့ မရင်းနှီးပေ။ အခုမှသာ အမ LiLi ရောက်လာလို့ စမ်းသုံးကြည့်ယုံသာ

"ကျွန်တော်မရွေးတတ်ဘူး"

အမ LiLi ကရယ်သည်။

"ထောပတ်သီးသုံးပေးလိုက် မျက်ကွင်းညိုနေတာမို့ကြောင့် သခွားသီးဘဲကပ်မယ် ခြေထောက်လည်းချေးချွတ်ပေးလိုက်"

ဘေးနားက ဝန်းထမ်းမလေးကို အမ LiLi ကပြောလိုက်တော့ ခေါင်းငြိမ့်ကာ ထွက်သွားလေသည်။

"ဘာသီချင်းနားထောင်မလဲ"

အမ LiLi က ဘေးနားက သီချင်းဖွင့်စက်ကို ကိုင်ရင်း မေးလာလေသည်။

"Running up that hill "

"အို...Kate Bush ရဲ့နာမည်အကြီးဆုံးသီချင်းဘဲ"

"အမ LiLi ကော သူ့သီချင်းကို ကြိုက်တာလား"

"သူမရဲ့သီချင်းအဲ့လောက်နာမည်ကြီးတာ"

ပြုံးရင်းပြောလေကာ Kate Bush ရဲ့ Running up that hill ကို ဖွင့်လိုက်လေသည်။

ဝန်ထမ်းမလေးက ရောက်လာကာ ကျွန်တော်တို့ပြောထားသည့်အတိုင်းမျက်နှာအား care ပေးလေသည်။

ထို့နောက်တွင် ကျွန်တော်တို့နှစ်ယောက်တည်း အပန်းဖြေလျက်...

Kate Bush ရဲ့ အသံခပ်ဩဩလေးက ကျွန်တော်တို့နားထဲတွင် နားထောင်ကောင်းလှသည်။

"Jungkook နဲ့ချစ်လို့ယူတာလား အဲ့ထက်ကို အဆင့်တွေတက်ပြီးပြီလား"

ရုတ်တရက်ကြီး ထမေးလာလေသည်။ မေးခွန်းက ကျွန်တော့်မျက်နှာကို ရေနွေးပူနဲ့ ပက်လိုက်သလိုမျိုး

You and I's destiny (Completed )Tahanan ng mga kuwento. Tumuklas ngayon