Part 19

7K 598 8
                                    

Unicode

ပန်းချီဆရာက ကျွန်တော့်ကို သိပ်အနိုင်ကျင့်လေတာ

သူကိုယ်တိုင်ဘဲ ကျွန်တော့်ကို နှင်ထုတ်ပြီး ယခုလည်း သူကိုယ်တိုင်ဘဲ ကျွန်တော့်ကို ထွက်သွားခွင့် မပေးပြန်ဘူး။

"အတွင်းရေမှူး Taehyung ကော်ဖီယူခဲ့"

အဲ့လိုဘဲ ကျွန်တော့်ကို တစ်ဖက်အခန်းကနေ ခနခနခေါ်ပြီး ကျွန်တော့်ကို တစ်ခုပြီးတစ်ခု ခိုင်းတာ

ကျွန်တော်မနည်းစိတ်ရှည်ထားရတာ ပန်းချီဆရာမသိလေဘူး။

ထိုင်နေရင်းကနေ ပန်းချီဆရာရဲ့ ရုံးခန်းဘက်ကို ထသွားလိုက်သည်။

ထို့နောက် ရောက်သည်နှင့် ပန်းချီဆရာဘက်ကိုကြည့်ကာ

"ကျွန်တော် ကော်ဖီမဖျော်တတ်ဘူး"

ကျွန်တော့်လိုလူက ကော်ဖီမဖျော်တတ်ဘူးဆိုတာ နည်းနည်းတော့ ရယ်ချင်စရာကောင်းနေလိမ့်မယ်။

ကျွန်တော် တမင်တကာ မဖျော်တတ်ဘူးလို့ ပြောလိုက်တာ...

ကျွန်တော့်ငြင်းဆိုမှုမှာ ပန်းချီဆရာက ကျွန်တော့်အားစိုက်ကြည့်လာသည်။

သို့သော် ကျွန်တော်ကသာ ပန်းချီဆရာရဲ့ အကြည့်ကို ရှောင်တာ

ကျွန်တော်စိတ်ဆိုးနေသည်လေ...

ချစ်တာက ချစ်တာဘဲ နာတာက နာတာ

ပန်းချီဆရာ သိဖို့ကောင်းပါတယ်။

"မဖျော်တတ်လည်း ဖျော်ခဲ့"

သက်ပြင်းချကာ ကော်ဖီဖျော်ရန် အပြင်သို့ ထွက်လာခဲ့သည်။

တကယ်တော့ ကျွန်တော်လည်း ပန်းချီဆရာအတွက် တစ်ခါမှ ကော်ဖီမဖျော််ပေးခဲ့ဖူးတာ အမှန်ပါ။

ပန်းချီဆရာ ဘယ်လိုအရသာ သောက်လဲဆိုတာ မသိဘူး။

သကြား...သကြားအမှုန့်ကို သုံးဇွန်းထည့်လိုက်ပြီး သကြားခဲ လေးတုံးလောက်ထည့်လိုက်မယ်။

ပန်းချီဆရာက အခါးမသောက်လောက်ဘူးမလား

ဒါမှမဟုတ် သံပရာသီးထည့်လိုက်ရင်ကော 

အဲ့ဆို ခါးသက်သက်နဲ့ ချဉ်နေမှာ 

ကျွန်တော်သကြားတွေသာ ထည့်ရန်ဆုံးဖြတ်လိုက်သည်။

You and I's destiny (Completed )Where stories live. Discover now