Part 7

7.3K 656 20
                                    

Unicode

စကားသိပ်မပြောဖြစ်ကြတဲ့ကျွန်တော်တို့အဖွဲ့

ဘာလို့ငြိမ်လို့ငြိမ်မှန်းမသိတာ

ကျွန်တော်လည်း ထသွားရန်ပြင်တော့

"Bella နဲ့ပြတ်သွားပြီဆို"

သုံးယောက်လုံးက ကျွန်တော့်အား ကြည့်လျက်

အင်း...ပန်းချီဆရာရဲ့ စည်းကမ်းကြောင့် နောက်ရက်ကျောင်းတက်ကတည်းက ဖြတ်ပစ်ခဲ့တာ

ကျွန်တော့်အတွက် ပန်းချီဆရာကလွဲပြီး မည်သူမျှ အရေးမကြီးသလို

သိပ်ကိုတစ်ကိုယ်ကောင်းဆန်သွားလေမလား....

သို့ပင်မဲ့ အပြစ်ပေးတာတွေတော့ ခံချင်သည်။

"ဒီတိုင်း မတွဲချင်တော့လို့ ဖြတ်လိုက်တာ ဘာလို့လည်း"

"Justinoရဲ့ အိမ်ကနေထွက်လာခဲ့တော့ မင်းအိမ်မှာ မနေချင်လည်း ကိုယ်တို့အဆောင်ငှားနေလို့ရတယ်လေ ပြီးတော့ သူကသူစိမ်းကို"

Noah ကထိုသို့ပြောလာလေသည်။

အမှန်တိုင်းမပြောချင်သေးဘူး။ ကျွန်တော့်ကို အထင်သေးသွားကြမှာကြောက်တာထက် ပန်းချီဆရာမကြိုက်မှာ...

"ငါနေလို့ပျော်လို့ မပျော်တဲ့အချိန်မင်းတို့ပြောသလိုလုပ်မယ်လေနော်"

"နင် Justino ကိုချစ်နေတာလား"

မိန်းကလေးပီပီလူကဲခတ်တတ်သည့် Anna ကြားထဲကနေ ထပြောသည်။

"မဟုတ်တာ ဘာကိစ္စငါက ပန်းချီဆရာကို ချစ်ရမှာလည်း"

မျက်နှာကို ထားစရာနေရမရှိပေ။ အသေးစိတ်ကအစ လိုက်စပ်စုချင်နေကြတာ

ဆက်နေရင် ထပ်မေးလာမှာ သိသောကြောင့် ထိုနေရာကနေ မြန်မြန်ထွက်လာ၍ ကျောင်းထဲသို့ ဝင်လာတော့ ပန်းချီဆရာနဲ့တည့်တည့် တိုက်မိလေသည်။

"ရှပ်ပြာရှပ်ပြာနဲ့ ဘာဖြစ်လာတာလဲ"

"မဖြစ်ပါဘူး Jeon"

"အင်း....အတန်းလစ်ဖို့စဉ်းစားနေတာဆိုရင် အခုတည်းက ခေါင်းထဲကနေထုတ်လိုက်နော် မဟုတ်ရင် ကိုယ့်အဆိုးမဆိုနဲ့"

You and I's destiny (Completed )Wo Geschichten leben. Entdecke jetzt