Part 16

6.6K 597 17
                                    

Unicode

ပြဿနာဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ အမျိုး

ပျော်ရွှေတော့မယ်လို့ တွေးထားခဲ့ရင် အနှောက်က ဝင်လာတတ်သည်။

 ဒါဟာ ထုံးစံဘဲ

ဒီနေ့တစ်နေ့လုံး စိတ်တိုနေသည့် ပန်းချီဆရာက ဘာကိုအလိုမကျတာလဲ မသိဘူး။

ကျွန်တော်လည်း ဘာအမှားမှ ဘာအပြစ်မှ မလုပ်ထားပါဘူး။

ကျောင်းသွားတော့လည်း ကျွန်တော့်ကို မခေါ်ဘဲ ထွက်သွားသည်။

ကိုယ့်ကားကို ယူကာဘဲ ကျောင်းသို့လာခဲ့သည်။

မကြာခင် စာမေးပွဲရှိသည်မို့ကြောင့် ဆိုးသွမ်းသည့်ကျောင်းသားတစ်ချို့တွေကလွဲရင် ကျန်သည့်သူတွေက

ဘယ်အတန်းမှ မလွတ်သလို စာအုပ်နဲ့ မျက်နှာလည်း မခွာကြပေ။

ကျွန်တော်ကလည်း ကယ်လီဖိုးနီးယားမှာ တက္ကသိုလ်တက်ချင်တာ

ထိုနေရာသို့ရောက်ဖို့လည်း အမှတ်ကောင်းမှ...

အဲ့ဒါမို့ကြောင့် စာဂျပိုးတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအဝင်ဖြစ်ပေသည်။

"အတန်းဆင်းရင် ကွန်ပျူတာ သွားသုံးမလို့ လိုက်မလား Kim"

"No... အိမ်ပြန်မှရမယ်"

"ဒါပေမဲ့ မသိတဲ့ သီအိုရီတွေအတွက် ငါတို့ရှာရမယ်လေ"

"ရှာထားလိုက်ပါ နောက်ရက်မှ ငါယူမယ်"

နောက်ဆုံးတော့ သူ့ကိုဘဲ ခိုင်းရမှာဘဲ...

သူငယ်ချင်းအချင်းချင်းမို့ကြောင့် မငြိုငြင်ကြဘူး။

အိမ်ပြန်ရောက်တော့ ပန်းချီဆရာက ဧည့်ခန်းထဲမှာ...

လွန်ခဲ့တဲ့ ရက်တွေက ကောင်းနေပင်မဲ့ မနေ့ညက အပြင်က ပြန်လာကတည်းက စိတ်တိုနေတာ

ကျွန်တော်အမှားမလုပ်ထားပင်မဲ့ ကျွန်တော့်ကြောင့်ဖြစ်နေမှာလည်းဆိုးသည်။

"ဘယ်သွားနေတာလဲ"

နာရီဝက်ဘဲနောက်ကျတာ

အဲ့နောက်ကျတာကလည်း ကျွန်တော်နဲ့ Anna စာထိုင်ကြည့်နေကြတာ

You and I's destiny (Completed )Where stories live. Discover now