Part 21

7.4K 573 17
                                    

Unicode

ယူလာသည့် ဝတ်စုံနက်ပြာရောင်ကို ထုတ်ကာ သေချာဝတ်ဆင်လိုက်သည်။

ဆံပင်ကောက်ကောက်လေးကို အနည်းငယ်သပ်ကာ နှုတ်ခမ်းထက်၌ Lipblam ကို ခပ်စိုစိုလေး ဆိုးလိုက်သည်။

ထို့နောက် တစ်ဖက်ခန်းက Yuonn ကိုသွားခေါ်ရန် အပြင်သို့ထွက်လာခဲ့ပြီး တစ်ဖက်ခန်းသို့ ဝင်လိုက်သည်။

"Yuonn...ကျွန်တော်လာတယ်"

တံခါးကို တစ်ချက်ခေါက်ကာ အထဲသို့ ခွင့်တောင်းရင်း ဝင်လိုက်‌တော့ မည်သူမျှ မရှိပေ။

ဒါပေမဲ့ Yuonn ပြောခဲ့တာက ဒီအခန်းပါ။

ကျွန်တော်ကိုယ်တိုင် အခန်းမမှားဘူးဆိုတာလည်း သိသည်။

"Yuonn"

သန့်စင်ခန်းဘက်‌‌လည်း သွားကြည့်မိတော့ မတွေ့ပေ။

"တစ်ယောက်ယောက်ကို ရှာနေရင်တော့ တွေ့မှာမဟုတ်ဘူး Taehyung"

နောက်ကနေ ရောက်လာကာ ခါးကို သိုင်းဖက်ရင်း ပန်းချီဆရာက ပြောလာလေသည်။

ဘယ်အချိန်ကတည်းက ပန်းချီဆရာက ဒီအခန်းထဲရောက်နေရတာလည်း

ရုန်းလေတော့ တင်းကျပ်လာသည်။

"Yuonn ကော ဆရာ"

"ကိုယ်ဘယ်သိမလဲ သူလည်း သူပါတနာနဲ့သွားပြီနေမှာပေါ့"

"သူ့ရဲ့ တွဲဖက်က ကျွန်တော် ကျွန်တော်ကိုယ်တိုင် Yuonn ကို ကမ်းလှမ်းထားတာ"

"အခုသူမှမရှိတော့တာ"

ခါးထက်က လက်ကို အတင်းဖယ်ချကာ မျက်နှာချင်းဆိုင် လှည့်လိုက်သည်။

ထို့နောက် လက်ညိုးထိုးကာ

"ဆရာ တမင်တကာလုပ်တာမလား တကယ်ဆို Yuonn ကကျွန်တော်နဲ့သွားဖို့"

ပန်းချီဆရာကို ထိုးထားသည့် လက်ညိုးကို ပန်းချီဆရာက နူးညံ့စွား ထပ်ကိုင်လာသည်။

အရင်လိုမဟုတ်ဘူး။ သိပ်ကို တစ်ဇွတ်ထိုးဆန်လာတာ

မလုပ်နဲ့ဆိုလည်း ပိုလုပ်တယ်ပန်းချီဆရာက...

"ကိုယ်စောင့်နေတယ်နော်"

လက်ကို ချိတ်ခိုင်းကာ ထိုအတိုင်းပြောလာလေသည်။

You and I's destiny (Completed )Where stories live. Discover now