Part 10

7.6K 682 36
                                    

Unicode

ရောက်နေသည်က ပန်းချီဆရာ၏ ရင်ခွင်ထဲ

မနေ့ညက စိတ်တိုတိုနှင့် သောက်ခဲ့ပြီး ပန်းချီဆရာကိုရန်လုပ်ခဲ့တာ

အဲ့နောက်ပိုင်းတော့ မမှတ်မိပေ။

ကျွန်တော့်အောက်က အိပ်စက်နေသည့် ပန်းချီဆရာကို ကြည့်မိလိုက်သည်။

ကျွန်တော်က ပန်းချီဆရာရဲ့ ရင်ခွင်ထက် ကားယားခွလျက်အနေအထားကို

သေစမ်း...ဘယ်လိုဘဲဖြစ်ဖြစ် အရိုက်ခံရမှာတော့ မြင်ယောင်တယ်။

ပန်းချီဆရာရဲ့ ပေါ်ကနေ ဖြည်းဖြည်းသာသာထလိုက်တော့

မြင်လိုက်ရသည့် မြင်ကွင်းက ကျွန်တော့်ကို ရူးသွားဖို့လုံလောက်သည်။

ဘာမှမရှိတဲ့ ပင်လယ်ထက်မှာ ကျွန်တော်တို့လှေသေးသေးလေးတစ်ခုတည်း

သင်္ဘောပေါ်ကနေ ဘယ်လိုလုပ်ရေပြင်ထဲရောက်နေခဲ့တာလည်း

"Jeon...Jeon"

အိပ်ပျော်နေသည့် ပန်းချီဆရာကို လှုပ်နှိုးမိသည်။

ကြောက်စိတ်ကလည်း ကြီးစိုးလာသည်။

ကျွန်တော့်ကြောင့်များ ဒီလိုရေပြင်ထဲရောက်လာတာလား...

သို့ပင်မဲ့ တစ်ယောက်တည်းမဟုတ်ခြင်းက ကျွန်တော့်ကို စိတ်သက်သာစေသည်။

"Jeon"

နောက်တစ်ခေါက်ထပ်နှိုးလိုက်တော့ နှိုးလာပြီး ထထိုင်သည်။

"ကျွန်တော်တို့ကို သင်္ဘောက ထားသွားပြီ"

ငိုမဲ့မဲ့နဲ့ ပြောနေသည့် ကောင်လေးက တကယ်စိုးရိမ်နေသလို

သို့ပင်မဲ့ ဒါက Jungkook ကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ

ငိုမဲ့မဲ့ဖြစ်နေသည့် ကောင်လေးကို စချင်စိတ်က တစ်ဖွာဖွာ

"မင်းကြောင့်ဖြစ်တာလေ Taehyung"

"ကျွန်တော်ဘာလုပ်လိုက်တာလည်း"

"မနေ့ညက မူးရူးပြီး မင်းကြိုးကိုဆွဲလိုက်လို့ ဒီလှေက ရေထဲကျပြီး သင်္ဘောနဲ့ဝေးရာရောက်လာတာလေ"

You and I's destiny (Completed )Where stories live. Discover now