Part 14

6.9K 603 24
                                    

Unicode

ရက်သတ္တပတ် ကျွန်တော်နဲ့ပန်းချီဆရာ သိပ်ကို ကြည်နူးစရာကောင်းသည့် အချိန်တွေ ပိုင်ဆိုင်ခဲ့သည်။

ကျွန်တော်ဟာ ခံယူမိသည်။ ကမ္ဘာပေါ်မှာ ကျွန်တော်ဟာ လက်ရှိကံအကောင်းဆုံးလူသားတစ်ယောက်

ပန်းချီဆရာရဲ့ အချစ်တွေ အနှစ်တွေကော တစ်ဝကြီး သိမ်းပိုက်ထားတာမို့ကြောင့်

လူတိုင်း မနာလိုစရာကောင်းအောင် ကျွန်တော့်ကို ချစ်ပေးသည့် ပန်းချီဆရာ

ကျွန်တော်ဟာ ကံကောင်းပါသည်လို့ မှတ်ယူထားသည်။

ကျောင်းနဲ့အိမ် ထို့နောက် ပန်းချီဆရာ၏ ရင်ခွင်ထဲ

ဒါဟာ ကျွန်တော့်အတွက် နေ့တိုင်းအလုပ်

ကျန်တာကို ဘာမှအရေးမစိုက်ချင်လောက်အောင် ပန်းချီဆရာရင်ခွင်ထက် နစ်မွန်းနေတာ

စပိန်ဘာသာသင်နေသည်ကို စိတ်မဝင်စားဘဲ တွေးနေမိပြန်တာကလည်း ပန်းချီဆရာ

စာမေးပွဲတွေတောင် အောင်တော့မှာဘဲ...

ကိုယ့်ဘာသာကို သဘောတကျ ရယ်ကာခေါင်းကို အသာဘောပင်နဲ့ခေါက်လိုက်ပြီး ရှေ့ကဆရာပြောတာကို နားထောင်လိုက်သည်။

အခန်းရှေ့က Anna

စာသင်နေသည့်ကျွန်တော့်ကို လက်လှမ်းပြသည်။

ကျွန်တော်တို့တစ်ဖွဲ့ အရင်လို မစုမိတာတောင် ကြာပြီ။

ကျောင်းကပွဲရှိသည်မို့ကြောင့် လုပ်အားပေးကျောင်းသားတစ်ချို့နဲ့ အဲ့နေ့ကျရင် အပြိုင်အဆိုင်လှချင်ကြသည့် မိန်းကလေးတစ်ချို့ကြောင့် ကျောင်းတစ်ကျောင်းလုံး ဆူညံနေလေသည်။

အတန်းဆင်းဖို့က 10မိနစ်လောက်လိုသေးသည်။

Annaက ကျွန်တော့်ကို တွေ့ဖို့တကူးတကတောင် လာခဲ့တာ

ခနလေးဆိုပြီး ပြန်လက်လှမ်းပြလိုက်တော့ Annaကခေါင်းငြိမ့်ပြသည်။

အတန်းကြီးလေ ကိုယ်ဝါသနာပါတာ ကြိုက်နှစ်သက်သည့် ဘာသာမေဂျာတွေကိုသာ ရွေးကြသည်မို့ ကျွန်တော်တို့က အတန်းမတူကြတော့တာ

You and I's destiny (Completed )Où les histoires vivent. Découvrez maintenant