Part 18

7.1K 614 5
                                    

Unicode

5 နှစ်ကြာပြီးနောက်

ကျွန်တော်နောက်ထပ်အခြေချမိတာက ကယ်လီဖိုးနီးယားလည်း မဟုတ်တော့ဘူး။

Dad ရဲ့မွေးရပ်မြေ...

ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့

လေယာဉ်ကွင်းတစ်နေရာမှ ရပ်ကာ ကိုးရီးယားရဲ့ လေကို ရှူမိသည်။

ကိုးရီးယားရဲ့ ရာသီဥတုက တစ်ချိန်လုံးအေးနေတာမျိုးမဟုတ်ဘူး။

တခြားမတူတာက ဥတုလေးမျိုးရှိနေခြင်းဖြစ်သည်။

အေးရင်လည်း အရမ်းအေးသလို ပူရင်လည်းအရမ်းပူတာမျိုး

ကျွန်တော်က ဘယ်ရာသီဥတုမဆို နှစ်သက်တာမို့ ကျွန်တော့်အတွက် အဆင်ပြေသည်။

" Teahyung"

"Hey Dad"

အပြေးသွားကာ Dad ကိုဖက်လိုက်သည်။

"ကျွန်တော်လွမ်းနေတာဗျ"

"Appa ကောပါဘဲသားရယ်"

ဖက်ထားရင်းကနေ လွတ်လိုက်ကာ...

"ဘယ်လိုလဲ ကိုးရီးယားက လှရဲ့လား"

"အရမ်းပါဘဲ...ကျွန်တော်အကြိုက်ဆုံး နိုင်ငံပါ"

"သွားရအောင်"

Dad ရဲ့အိမ်က အရမ်းကိုလှသည်။

အပြင်အဆင်တွေက ကျွန်တော်မြင်တွေ့နေကျ ပုံစံမျိုးမဟုတ်ဘူး။

သို့ပင်မဲ့ နှစ်ထပ်အိမ်ကလေးပါဘဲ...

"Dad ကဘာအလုပ်လုပ်တာလဲ"

"ပန်းရောင်းတာ သား"

အဲ့တာမို့ကြောင့် ခြံထဲမှာ ကျွန်တော်ပန်းတွေ တွေ့တာကို

ကျွန်တော်တို့က သာမာန်အလယ်အလတ်တန်စားမျိုး

ပြီးပြည့်စုံတာရယ်လို့မဟုတ်ဘူး။ သို့ပင်မဲ့ ပြီးပြည့်စုံအောင် နေနိုင်ပါသည်။

"သားကကော ကျောင်းပြီးပြီ ဘာအလုပ်လုပ် စိတ်ကူးထားလဲ"

ဧည့်ခန်းထဲမှာ သားအဖနှစ်ယောက် အတူတူထိုင်ရင်း...

"ကျွန်တော် ကယ်လီဖိုးနီးယားမှာ အင်ဂျင်နီယာပိုင်းနဲ့ ကျောင်းပြီးထားတာ"

You and I's destiny (Completed )Où les histoires vivent. Découvrez maintenant