Part 3

7.9K 712 9
                                    

Unicode

"ညကျရင် ပါတီတဲ့"

"မနက်ဖြန်က စနေနေ့မှမဟုတ်တာ Finn"

"အဲ့တာက အရေးကြီးတာမှမဟုတ်တာ"

တစ်ဖွဲ့လုံး Cafe ဆိုင်ထိုင်နေကြရင်း တစ်နေ့တာ ပေါက်ကရတွေပြောဖြစ်ကြသည်။ 

"ပါတီက ဘယ်သူ့အိမ်မှာလည်း"

"လယ်ကွင်းထဲမှာ"

သောကြာနေ့ညဆို ပါတီလုပ်ကြတာ ထုံးစံဆိုပင်မဲ့ ကြားရက်ပါတီလုပ်ကြတာက သိပ်မရှိပေ။ Club တက် Bar ထိုင်လောက်သာ ရှိကြခြင်းဖြစ်သည်။

အသက်မပြည့်ကြသေးလည်း ခိုးဝင်ကြတာဘဲဖြစ်ဖြစ် အသက်လိမ်ပြီးဝင်တာဘဲဖြစ်ဖြစ် လုပ်ကြသည်။

ထိုအထဲတွင် Kim Taehyung ထိပ်ဆုံးက...

ကော်ဖီမကြိုက်ပင်မဲ့ သောက်ဖြစ်တာက အကျင့်တစ်ခုလိုဘဲ

အင်း...ကျွန်တော်ခါးတဲ့အရာတွေ မနှစ်သက်ဘူး။ ဒါပေမဲ့ ခါးတဲ့အရာတွေကို သုံးစွဲနေတုံးဘဲ

Jeon Jungkook ဆိုတဲ့ ပန်းချီဆရာကလည်း သိပ်ခါးတယ်...

ဒါပေမဲ့ ကျွန်တော်ကြိုက်သည်။

အိမ်မပြန်ဘဲ ခြေရှည်ကြတာ ကျွန်တော်တို့တစ်ဖွဲ့

လမ်းတစ်ဝက်တွင် ဓာတ်ဆီက ကုန်သေးသည်။

စီးနေရင်း တန်းလန်းဆီကုန်တာလောက် စိတ်တိုတာ မရှိပေ။

ဆီဝင်ထည့်လေတော့...

"ဘယ်လောက်လည်း"

"4.00ဒေါ်လာ"

"ဈေးကြီးလိုက်တာ"

ကြားထဲက Anna ကထပြောလေသည်။

Finn:"ပါးစပ်ပိတ် Anna"

Anna:"ဟုတ်တယ်လေ...ဟိုဘက်လမ်းမှာ 3.88 ဒေါ်လာဘဲ"

Kim:"ဘယ်နေရာဝယ်ဝယ်အတူတူဘဲလေ သိပ်မကွာပါဘူး"

Timrod ပန်းခြံနားရောက်လေတော့ ပန်းချီဆရာကို တွေ့မိသည်။

ကျွန်တော်တို့ တစ်ဖွဲ့လုံး အတန်းမတက်ဘဲ သွားနေတာ

ဘယ်နေရာရောက်ရောက် ပန်းချီဆရာနဲ့ကို မလွတ်ကင်းတာ

လျစ်လျူရှုလိုက်ကာ ကိုယ့်လမ်းကိုသာ ဆက်မောင်းသွားလိုက်သည်။

You and I's destiny (Completed )Where stories live. Discover now