Final

13.2K 736 33
                                    

Unicode

"နှင်းဆီအနီကို သုံးတာကောင်းတယ်"

"ဖြစ်ပါ့မလား"

တစ်ရုံးလုံး ဗြောင်းဆန်နေ‌အောင် အလုပ်ရှုပ်နေကြတာ ဖြစ်သည်။ 

အဘယ်ကြောင့်ဆိုသော် သူတို့ရဲ့ သူဌေးက ချစ်ရသူအား လက်ထပ်ခွင့်တောင်းရန် ဖြစ်ပေသည်။

ဒီကိစ္စကို Taehyung ကလွဲပြီး ကျန်သည့်သူများအကုန်လုံး သိပေသည်။

Taehyung အတွက်တော့ အံ့ဩစရာ လက်ဆောင်တစ်ခုလို ဖြစ်နေပေမည်။

"လက်စွပ်...လက်စွပ် ရွေးခဲ့ပြီလား Shinn"

"ငါသေချာ‌ရွေးလာတာ စျေးအကြီးဆုံးထဲက Taehyung ကိုတောင် မနာလိုဖြစ်မိတယ်"

"ဖြစ်မှာပေါ့ မင်းက Taehyung မှ မဟုတ်တာ"

တော်သေးတယ် မကြားလိုက်ဘူးဟ

ပန်းတွေထိုးနေရင်းမှ Arrdi ပြောတာကို မကြားလိုက်ပေ။

"သူဌေးတို့လာပြီ"

"နောက်ဆုံးတော့ ငါတို့ အားကျသလို ကြည့်ရတော့မယ်"

""Surprise""

Taehyung နဲ့ Jungkook ဝင်လာတော့ နှင်းဆီပန်းတွေ အပေါ်က‌နေ ပြန့်ကျဲလာလေသည်။

Jungkook ကသိပြီးသားမို့ကြောင့် အံ့ဩသလို မရှိပင်မဲ့ Taehyung ကသာ ဘာမှမသိသူမို့ကြောင့် အခြေအနေ အားလုံးကို အံ့ဩနေလေသည်။

"ဘာတွေလည်း Jeon"

Jungkook က Arrdi ကိုခေါင်းငြိမ့်ပြလိုက်တော့ တိတ်တဆိတ်လက်ထဲ လက်စွပ်ဗူးလေး ထည့်ပေးလေသည်။

"အဟမ်း ဟမ်း"

Arrdi ကချောင်းဟန့်လေသည်။

Taehyung ပိုပြီး နားမလည်သလို ကြည့်နေသည့်အချိန်မှာ Jungkook ကဒူးထောက်လိုက်လေသည်။

"Jeon"

ထို့နောက် လက်စွပ်ဗူးကို Taehyung ရှေ့သို့ ဖွင့်လိုက်တော့

နားလည်လိုက်လေသည်။ ဒါဟာ လက်ထပ်ခွင့်တောင်း‌တာဘဲ

တစ်ချိန်လုံး ပန်းချီဆရာက ဒါအတွက် ပြင်ဆင်နေခဲ့တာလား။

"နည်းနည်းတော့ ကိုယ်ပြင်ဆင်ထားခဲ့တာဘဲ မင်းအတွက်...ဒီနေ့ဒီအချိန်မှ လက်ထပ်ခွင့်တောင်းတာကို အားနာပါရဲ့ နောက်ကျနေပြီဆိုတာ သိပါတယ် ကိုယ့်အနေနဲ့မလုပ်လည်း ရပါတယ် ဒါပေမဲ့ မင်းဟာကိုယ့်အပိုင် ဆိုတာ တစ်မြို့လုံးကို သိစေချင်တယ် မဟုတ်ဘူး တစ်ကမ္ဘာလုံးကို သိစေချင်တာ မင်းက Jeon အပိုင်ဆိုတာ ဘယ်လောက်အထိ မင်းကိုချစ်တယ်ဆိုတာ ကိုယ်ဖော်ပြရမလည်း တော့မသိဘူး ဒါပေမဲ့ သေချာတယ် မင်းကို တစ်ဘဝလုံးကိုယ်ပျော်ရွှင်အောင်ထားမှာ ကိုယ်ကတိပေးပါတယ် မင်းဘဝအတွက် အကောင်းဆုံး ယောက်ျားဖြစ်စေရမယ်လို့ ကိုယ့်ကို လက်ထပ်နိုင်မလား Jeon Taehyung လက်ထပ်ပြီးပြီဆိုတာ သိပါတယ် ထပ်ပြီး အားလုံးရှေ့မှာ မင်းကိုလက်ထပ်ပါရ‌‌စေ"

You and I's destiny (Completed )Where stories live. Discover now