Part 5

7.5K 689 63
                                    

Unicode

စိုစွတ်လွန်းသည့် ရာသီဥတုအချိန်အခါမို့ကြောင့် မိုးကတစ်ချိန်လုံးရွာသွန်းလျက်....

အရမ်းကြီးမသည်းရင်တောင် တစ်ခါတစ်လေ မိုးဖွဲ့လေးရွာတတ်သည်။

မရွာပြန်ရင်လည်း အေးစိမ့်စိမ့်နှင့် အုံ့မှိုင်းနေတတ်ပြန်သည်။

မိုးရွာတာကိုကြိုက်ပင်မဲ့ မိုးချိန်းတာတော့ မကြိုက်ပြန်ဘူး။

ဝတ်ထားတာက ရှပ်အင်္ကျီအဖြူအပါးကိုမှ ဘောင်းဘီအတိုအမဲရောင်လေးနှင့်ဝတ်ထားခြင်းဖြစ်သည်။

အိမ်ထဲသို့အရိပ်အကဲကြည့်၍ ပန်းချီဆရာ၏ အရိပ်အယောင်ကိုမမြင်မှ မိုးရွာနေသည့် ခြံထဲသို့ပြေးဆင်းလာခဲ့သည်။

မိုးရေဆော့ရတာကိုက ဘယ်လိုကောင်းတဲ့ခံစားချက်မှန်းကိုမသိတာ...

မိုးရေစက်လေးတွေက ခန္ဓာကိုယ်ပေါ်သို့ ခစားသွားသည်။ 

‌ချမ်းစိမ့်မှုက တစ်မျိုးတစ်ဖုံနေလို့ကောင်းပြန်သည်။

ကျွန်တော် မိုးကိုချစ်ပါသည်။ သို့သော် ပန်းချီဆရာကို ပိုချစ်ပါသည်။

ပန်းချီဆွဲနေရင်း သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် ပြတင်းပေါက်က မိုးရေစက်များ ကျလာသောကြောင့်

ပြတင်းပေါက်ပိတ်ရန်ပြင်လိုက်တော့ မိုးရေထဲ၌ ထိုကောင်လေး

အသိစိတ်မဲ့စွာ ငေးကြည့်မိသည်။

အင်္ကျီအဖြူအပါးလေးက မိုးရေကြောင့် အတွင်းထဲထိမြင်နေရသည်။

ညှပ်ရိုးလေးတစ်ဖက်က ပလက်တီနမ်လေးလိုမျိုး မိုးရေကြောင့် ပြောင်ချောကာလတ်နေသည်။

ပေါင်တံဖြူဖြူလေးတွေက သိပ်ကိုမက်မောစရာ

အပိုပြောတာမဟုတ်ပင်မဲ့ Kim Taehyung ကသိပ်လှပေသည်။ သိပ်ချောပေသည်။

ယခုမြင်ကွင်းသည် ပန်းချီကားတစ်ချက်လိုမျိုး

ဗီရိုထဲက ကင်မရာကို ထုတ်ယူခဲ့ကာ မိုးရေထဲ၌ ဆော့ကစားနေသည့် ကောင်လေးရဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်နေမိသည်။

You and I's destiny (Completed )Where stories live. Discover now