Part 17

6.8K 606 14
                                    

Unicode

"ဒီက ထွက်သွားတော့"

အရာအားလုံးက ရပ်တန့်သွားသလို...

ကျွန်တော့်စိတ်တွေ ပြောင်းပြန်ဖြစ်သွားတာ...

ပန်းချီဆရာ ကိုယ်တိုင်ကဘဲ ပြောထွက်ရက်တာလား....

မျက်ရည်တွေ ကျနေပင်မဲ့ ကျွန်တော်ငိုဖို့တောင် မေ့ရက်နေပြီ။ 

အဲ့လောက်အထိ အဲ့စကားတစ်ခွန်းက နားမလည်နိုင်ပင်။

"ကိုယ်တို့ အချိန်ယူပြီးသေချာပြန်ပြင်ဆင်ကြရအောင်"

ကျွန်တော့်ကို ပန်းချီဆရာက အိမ်ကတင်နှင်ထုတ်တာမဟုတ်ဘူး။ 

သူ့ရဲ့ ဘဝထဲကနေပါ ကျွန်တော့်ကို ထွက်သွားခိုင်းနေတာ

နာတယ်။ ရင်ဘတ်ထဲကနေ ပြောမပြနိုင်အောင် နာတယ်

ဘာမဟုတ်တဲ့ ယုတ္တိမရှိတဲ့ အကြောင်းအရာတစ်ခုကို ပန်းချီဆရာက ယုံလွယ်ပြီး ကျွန်တော့်ကို ပြောရက်တာဘဲ...

"Jeon မှတ်မိလား ကျွန်တော့်ကို လွန်ခဲ့တဲ့နှစ်တွေက ပြောခဲ့ဖူးတယ်လေ ကျွန်တော်မှတ်မိနေသေးတယ်"

ပန်းချီဆရာရဲ့မျက်ဝန်းကို ကြည့်ကာ ဆိုမိသည်။ 

"ဒါပေမဲ့ Jeon စကားတစ်ခွန်းမေ့နေသေးတယ် ဒါမှမဟုတ်မသိတာလား တကယ်တော့ အိမ်ထောင်တစ်ခုမှာ ယုံကြည်မှုလည်း လိုအပ်တယ်"

လက်နှစ်ဖက်ကို မီးထွက်မတက်ပွတ်နေမိရင်း ပြောဆိုမိသည်။

"ကတိ သစ္စာတွေကိုလည်း မယုံကြည်ရင် သံယောဇဉ်ဆိုတာ အလကားဘဲ"

ဒီနေ့တော့ ကျွန်တော်မသွားခင် ကျွန်တော်ပြောမှာ...

ကျွန်တော်က သလဲသီးလိုမျိုးဘဲ...အကန့်လေးတွေနဲ့ 

ချစ်တာက ချစ်တာ...နာတာက နာတာ

"တကယ်တော့ အခုက ကျွန်တော်အရင်ထွက်သွားခဲ့တာမဟုတ်ဘူး...Jeon အရင်ထွက်သွားခဲ့တာ"

ကျွန်တော့်ကို အလွယ်တကူ ထွက်သွားဆိုတဲ့ စကားတစ်ခွန်းနဲ့လေ...

"Jeon ကထွက်သွားတယ် ကျွန်တော်လည်း ထွက်သွားတယ်
Jeon ပြန်လာခဲ့ရင်တောင် ကျွန်တော်ပြန်မလာတော့ဘူး"

You and I's destiny (Completed )Dove le storie prendono vita. Scoprilo ora