Part 8

7.3K 648 11
                                    

Unicode

တကယ်တော့ သုံးယောက်လုံးက Jungkook အိမ်လာရခြင်းကာ Taehyung ကိုလာတွေ့တာဖြစ်သည်။

သုံးနှစ်လောက်ဖုံးကွယ်ထားသည့် Taehyung နဲ့ Jungkook ရဲ့ပတ်သတ်မှုကို အံ့ဩစွာ သိသွားကြသည်။

Taehyung ကိုဖက်သွယ်ထားသည့် Jungkook ရဲ့လက်ကလည်း မလွယ်ပေး။

မသိမသာရုန်းနေပင်မဲ့လည်း အချည်းနှီးသာ

သေချာသည်။ ပန်းချီဆရာစိတ်ဆိုးနေပြီဆိုတာ..

အားလုံးအတူတူ မျက်နှာချင်းဆိုင်ထိုင်နေကြရင်း ကျွန်တော်တို့နှစ်ယောက် တရားဝင်လက်ထပ်ထားသည်ဆိုတာ ဖွင့်ပြောလိုက်သည်။

လက်မခံကြသည်လည်းမဟုတ်...ဖုံးကွယ်ထားလို့ ကျွန်တော့်ကို စိတ်ဆိုးကြတာ‌

နောက်ရက်ကျောင်းတက်သည်အထိ တစ်ယောက်မှ ကျွန်တော့်ကို စကားမပြောပေ။ ပန်းချီဆရာအပါအဝင်

အရေးကြီးသည်က ပန်းချီဆရာကို အရင်ချော့ရမည်။

ကျောင်းကနေ ပန်းချီဆရာထက် အရင်စောပြန်လိုက်သည်။

ဧည့်ခန်းထဲ၌ အချိန်လင့်စွာ ထိုင်စောင့်နေပင်မဲ့ တောတောနှင့်ရောက်မလာ။

ရောက်လာတော့လည်း အမျိုးသမီးတစ်ယောက်နှင့်

အိမ်ထဲကိုတောင် ဖော်ရွေစွာခေါ်နေတာ ထိုင်နေသည့် ကျွန်တော့်ကိုတောင် မမြင်ပေ။

စိတ်က ဝမ်းနည်းမှုကော သဝန်တိုမှုကော ကြီးစိုးလာလေသည်။

ထိုအမျိုးသမီးက ကျွန်တော့်ကို လှမ်းကြည့်ကာ ပြုံးပြရင်း ပန်းချီဆရာ၏ မျက်နှာချင်းဆိုင်ဝင်ထိုင်သည်။

ပန်းချီဆရာက ကျွန်တော့်ကိုတစ်ချက်ကြည့်ကာ ထိုင်နေသည့်အမျိုးသမီးဘက်ကို ပြန်လှည့်ရင်း စကားသာပြောနေသည်။

ကျွန်တော့်ကိုတောင် ရှိသည်လို့တောင် မထင်ပေ။

လျစ်လျူရှုပြီးသာ ထွက်လာရင်း အခန်းထဲဝင်ကာ အိပ်နေလိုက်သည်။

စောင့်ရကျိုးမနပ်လိုက်တာ

ကျွန်တော်ဘယ်သူဆိုတာတောင် ပန်းချီဆရာက ထိုအမျိုးသမီးကိုတောင် မိတ်ဆက်မပေးဘူး။

You and I's destiny (Completed )Where stories live. Discover now