အမုန်းရဲ့စည်းတစ်ဖက်ခြမ်း
အခန်း (၁)
မနက်ခင်းရဲ့ ဖြိုးတိုးဖျော့တော့ အလင်းရောင်ခြည် မသန်းခင်ထဲက အက္ခရာပျို တစ်ယောက် ကျောင်းသွားဖို့ မှန်တင်ခုံရှေ့မှာ အလုပ်ရှုပ်နေလေကာ မနက်ခုနစ်နာရီထိုးအထိပင်
"အို .... စိတ်ရှုပ်လိုက်တာ ဒီလောက်လွယ်တာလေးကို ဘာလို့ မလုပ်တက်ရတာလဲ ..."
ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျစွာငြီးငြူရင်း ပခုံးအောက်မကျမတကျ ဆံနွယ်လေးတွေကို တစ်ခါထဲစုစည်းလိုက် နှစ်ဖက်ခွဲစည်းလိုက်နဲ့
"ဒေါက်...ဒေါက်...ဒေါက်"
"ပျိုလေးရယ် သမီးနှယ့် မပြီးနိုင်မစီးနိုင်ဘူး အလှပြင်ချိန်ကြောင့် မနက်စာ မစားဖြစ်တာလဲနေ့တိုင်းပဲ ကျောင်းတစ်ခါ သွားတက် တာ ပြင်လိုက်ရတဲ့အလှဆိုတာ ထွက်လာတော့လဲ သနပ်ခါးပါးကွက်ကြားနဲ့"
မေမေဒေါ်မေပျို ကအခန်းထဲ ဝင်လာကာ သူမ ခုတင်ပေါ်က အပုံလိုက် ဖြစ်နေတဲ့ စောင်ကို ဆွဲယူခေါက်သိမ်းရင်း တပျစ်တောက်တောက် ပြောဆိုနေသော်လည်း ထုံးစံအတိုင်းပင်မို့ ပျို ဂရုမစိုက်အား
မေမေပြောလဲပြောချင်စရာပင် သူမ လှချင်လာသည်နဂိုဆယ်တန်းကျောင်းသူဘဝ တုန်းက စာပဲတစိုက်မက်မက်ကြိုးစားခဲ့လို့ လှရပရမယ်ဆိုတာမသိခဲ့သနပ်ခါးပါးကွက်ကြားနဲ့ပင်ကျောင်းတက်ခဲ့သည်။
ဒါတွေကလဲ သူမ တက္ကသိုလ်တက်ပြီး သူနဲ့မတွေ့ခင်ဆက်ကြားက လိုအပ်မည်လို့မထင်ခဲ့မှုကြောင့်ပင် အခုတော့ သူမ ဖြစ်သလိုမနေချင်တော့ပေ
ရင်ငြိမ်းချမ်း ဆိုသော သူနဲ့ ဆုံမိပြီးကတည်းက သူမ ကိုယ့်ကိုယ်ကို ပြုပြင်ချင်လာသည်
ဒါကလဲ ရင်ငြိမ်းချမ်း က အလှကြိုက်သည်ဆို၍ကြောင့်လဲမဟုတ်ပါ။ပျို မှန်ထဲက ကိုယ့်ကိုယ်ကိုကြည့်ရင်း စိတ်တိုင်းမကျတာနဲ့ ကိုယ့်ရဲ့ပုံမှန်အတိုင်း လိမ်းနေကျ သနပ်ခါးပါးကွက်ကြားလေးကိုပဲ ပြန်လိမ်းရင်း ထုံးစံအတိုင်း ခပ်ဝိုင်းဝိုင်း မျက်မှန်လေးကို ကောက်တပ်ကာ မနက်စာစားရန်ဆင်းလာလိုက်သည်။
YOU ARE READING
On the other side of hatred {Complete}
Romanceအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...