အမုန်းရဲ့စည်းတစ်ဖက်ခြမ်း
အခန်း (၁၅)
"ဘယ်လို ဖြစ်ကြတာလဲ ကျွန်တော့ကိုပြော"
အပြင်ကပြန်လာခြင်းကြားလိုက်ရတဲ့ စကားက ရင်ဝကို သံမှိုစိုက်လိုက်သလိုပင်
စစ်ပိုင် ကို အန်တီမေက ပါးရိုက်လိုက်တယ်တဲ့ ပြီးတော့ ယဉ်ကျေး ကို လဲ ခြံပြင်ဆွဲထုတ်တယ်တဲ့
ဒေါ်မေနန်း ကတော့ ချမ်း ရှေ့မှာ ခါးမတ်မတ်ပြင်ထိုင်ရင်း သူမ အပြစ်မရှိသလို မျက်နှာကို တင်းသထက်တင်းထား၏။
"ကိုကို ကျေး နောက်ကို ပျို လိုက်သွားလိုက်မယ်"
"နေဦး ကိုယ်နဲ့မှအတူသွားမယ် ခဏ ထိုင်ဦး"
ညီမဖြစ်သူတစ်ယောက်လုံး တစ်စိမ်းယောက်ျားတစ်ယောက်နောက်ပါသွားတာမလို့ ပျို စိတ်မချ ဒီကိစ္စမှာ သူမ ဘယ်သူ့ကို အပြစ်တင်ရမှန်းလဲ မသိ တစ်ဖက်ကလဲ ကိုကို့ ရဲ့တစ်ဦးတည်းသော အဒေါ် တစ်ဖက်ကလဲ သူမရဲ့တစ်ဦးတည်းသော ညီမ
ပျို သူ့ဘေးမှာ ကျုံကျုံ့လေးပြန်ဝင်ထိုင်လိုက်တယ်
"မင်း က အခုကိစ္စတွေမှာ အန်တီမေ့ အမှားတွေလို့ထင်နေတာလား"
"ထင်နေတာမဟုတ်ဘူး ဟုတ်ကိုဟုတ်နေတာ အန်တီမေ"
"ဘာလဲ ဒါဆို ငါက မင်းမိန်းမတောင်မဖြစ်သေးတဲ့ ဟာမရဲ့ ညီမဆိုတဲ့ လက်တောက်လောက်လေးက မိုက်မိုက်ရိုင်းရိုင်းပြောဆို ဆက်ဆံတာကို ငြိမ်ခံရမယ့်ဆိုတဲ့သဘောလား"
ထိုစကားကြောင့် ပျို့ မျက်နှာလေး ပျက်ယွင်းသွားတယ် ။ ကျေး က စွာတယ် မဟုတ်မမှန်စိတ်ရှိတယ်ဆိုပေမယ့် လူကြီးသူမကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမယ့်သူမျိုးမဟုတ်ဘူးဆိုတာ ပျို သိတယ်။
ဒါပေမယ့် သူမ ဘာမှဝင်မပြောပေ။ ကိုကို က သူမ ပြောစရာမလိုအောင် အန်တီမေ့ကို နားလည်သည်အထိ ရှင်းပြလိမ့်မယ်ဆိုတာ ပျို ယုံ၍ဖြစ်သည်။
"အန်တီမေ က ယဉ်ကျေးကို မကောင်းမြင်နေလို့ အခုလိုထင်နေတာ အဲ့လို ရိုင်းရိုင်းစိုင်းစိုင်း ကလေးမဟုတ်ဘူး"
"မရိုင်းစိုင်းဘူးဆိုတာ ဘာလို့ မင်းက တပ်အပ်ပြောနိုင်ရတာလဲ ဟမ်.... နဂိုထဲက မိဘမဲ့တွေဆိုတာ ရိုင်းရိုင်းစိုင်းစ်ုင်းတွေ ကြည့်ဘဲ"
BINABASA MO ANG
On the other side of hatred {Complete}
Romanceအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...