အမုန်းရဲ့စည်းတစ်ဖက်ခြမ်း
အခန်း (၁၆)
အခန်းရဲ့ ခုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ ဒေါ်မေနန်း အနားကို ချမ်း ဖြေးဖြေးချင်းလျှောက်သွားတယ်။
ပျို ကလဲ ဘေးကနေအသာလိုက်လျှောက်လာပြီးဖြူဖက်ဖြူလျော်ဖြစ်နေတဲ့ မျက်နှာမှာ အသက်မဲ့နေသည့် အလား ဖြစ်နေတဲ့ ဒေါ်မေနန်း ကို သံဝေဂရရင်း ကြည့်နေမိ၏။ဒေါ်ညိုကတော့ ဘေးမှာထိုင်ရင်း ရေပတ်ဝတ်လေးကို ဖြေးဖြေးချင်း သုတ်ပေးသည်။
"ဒေါ်ညို....."
"သခင်လေး ရောက်လာပြီလား"
ဒေါ်ညို တစ်ဖက်ကို နေရာရွှေ့ပေးတော့ ချမ်း က ထိုင်လိုက်သည်။ ပျို ကတော့ ဘေးကနေပဲ ရပ်ကြည့်နေမိလျှက် .....
ချမ်း ကတော့ မျက်နှာလေး မှိုင်တွေနေကာ သူ အပြစ်မကင်းသလို ခံစားနေရ၏။
ဘယ်လို အမှားတွေလုပ်ခဲ့ပါစေ ဒါ သူ့ရဲ့ တစ်ဦးထဲသော ဆွေးမျိုး သူ့အပေါ်အရမ်းဂရုစိုက်ခဲ့တဲ့ အန်တီမေ သူ့ ရင်ထဲမကောင်းနိုင်"ဆရာဝန် ဘာပြောသွားလဲ ဒေါ်ညို"
"သူ သတိရလာမှ အခြေနေကြည့်ရမယ်ပြောတယ်
သောက်လောက်တဲ့ ဆေးက တိုင်းရင်းဆေးတွေဖြစ်နေတော့""တိုင်းရင်းဆေး တိုင်းရင်းဆေး တွေကို သူဘယ်ချိန်က စပ်သောက်နေတာလဲ"
"အဲ့တာ ဒေါ်ညိုတို့လဲ မသိဘူး သခင်လေး မမကြီးက အမြဲအော်ဟစ်ဆူပူနေတော့ သူ့အနား ဘယ်သူမှလဲ မကပ်ရဲကြ ဘာမှလဲမမေးရဲကြ အဲ့လိုဖြစ်နေတာ"
"ဆေးရုံတင်ဖို့လိုလား"
"အဲ့လောက်ထိမလိုဘူးတဲ....."
ဆိုလိုတာကမပြင်းထန်ဘူးပေါ့ ထိုမှပဲ ချမ်း ရင်ထဲကအလုံးကြီးကျသွားတော့တယ်
ထိုအချိန်သူ့ပခုံးပေါ် နူးညံ့စွာဆုတ်ကိုင်လာတဲ့ အထိတွေ့လေးကြောင့် သူ ပျို့ ကို မော်ကြည့်လိုက်တယ်....
"ကိုကို .... အရမ်းကြီးမစိုးရိမ်ပါနဲ့ အန်တီမေ အဆင်ပြေမှာပါ"
"ကိုယ် သိပါတယ် ....."
အဲ့လိုပြောပေမယ့်လဲ ချမ်း ရဲ့ မျက်လုံးတွေထဲကဝမ်းနည်းပူဆွေးရိပ်ထင်ဟပ်နေတာကို ပျို အထင်းသားတွေ့နေရ၏။
YOU ARE READING
On the other side of hatred {Complete}
Romanceအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...