အမုန်းရဲ့စည်းတစ်ဘက်ခြမ်း
အခန်း (၆)
"ဒေါက် ဒေါက် ဒေါက်"
"ဝင်ခဲ့"
စစ်ပိုင် သူ့အခန်းထဲ တံခါးဖွင့်ကာ ဝင်လာခဲ့သည်။
ပါဝါမျက်မှန် တစ်လက်နဲ့ အဆောင်ဦး ပုံကြမ်းတွေပြည့်နေတဲ့ သူ့ရဲ့အလုပ်ခန်း"အော် စစ်ပိုင် ရောက်လာပြီလား"
"ဟုတ်ကဲ့ boss ... ကိုဗညားဆီက boss တောင်းထားတဲ့ အချက်အလက်တွေ ရလာပြီ"
"အိုခေ အိုခေ ငါလာပြီ"
ဆွဲ လက်စ ဒီဇိုင်းပုံကြမ်းကို လက်စ သတ်လိုက်ပြီး
စတီခုံလေးတစ်ခုံ ဆွဲထိုင်ကာ ထိုင်ချလိုက်ရင်း
စစ်ပိုင် လက်ထဲက လက်ပ်တော့ လေးယူလိုက်တယ်ပြီးတော့ ထည်ဝါ ဆိုတဲ့ လူရဲ့ အချက်အလက်တွေတစ်ခုချင်းကြည့်ရင်း
မိသားစု ဓါတ်ပုံတွေ ကျောင်းတုန်းကပုံတွေနဲ့အတူ ပျို့ ပုံလေးနောက်ဆုံးမှာပါလာခဲ့ရာ
"ဒီတစ်ယောက်က သူနဲ့ ဘယ်လိုပတ်သတ်လဲ"
စစ်ပိုင် ပျို့ ပုံလေးကို ငုံ့ကြည့်ရင်း
"ကိုဗညား ပြောတာတော့ ထည်ဝါဆိုတဲ့သူ ထောက်ပံ့နေတဲ့ မိန်းကလေးလို့ပြောတယ် မြို့ထဲမှာ ပန်းဆိုင်လေးတစ်ဆိုင်လဲ ဖွင့်ထားတယ် ပြီးတော့ ထည်ဝါ နဲ့ မရိုးရှင်းတဲ့ပတ်သတ်မှုတဲ့"
သူ့ရင်ထဲစိုးထိတ်သွားသည်။ မရိုးရှင်းတဲ့ပတ်သတ်မှုတဲ့ သူတို့ကချစ်သူတွေများလား ဒါမှမဟုတ် ဘယ်လိုပတ်သတ်နေတာလဲ ....
သူ့မျက်နှာအခြေနေကို ကြည့်၍ စစ်ပိုင် က ထပ်ပြော၏။
"ချစ်သူ တော့မဟုတ်ဘူး boss ဘာလို့ဆို ထည်ဝါ့မှာ နိုရာ ဆိုတဲ့ ချစ်သူရှိတယ် နောက်ဆုံးမှာ ပုံပါတယ် boss ဆက်ကြည့်လိုက်ပါ"
စစ်ပိုင် ပြောသလို ပျို့ ပုံလေးရဲ့နောက်ကို သူဆက်ဆွဲကြည့်သည်။
ရွှေအိုရောင်ဆံပင်တွေအခွေလိုက် sexy ကျတဲ့ ခန္တာကိုယ်ကောက်ကြောင်းနဲ့အတူ ညှို့အားပြင်းလွန်းတဲ့မိန်းကလေး .... ပုံကိုကြည့်ပြီး သူ ပျို့ ပုံလေးဘက်ပြန်ဆွဲကြည့်ကာ
YOU ARE READING
On the other side of hatred {Complete}
Romanceအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...