♡ အမုန်းရဲ့စည်းတစ်ဖက်ခြမ်း ♡
အခန်း (၉)
စိတ်ပင်ပန်းမှုတွေ ကြောင့် မျက်လုံးတွေမဖွင့်ချင်ပေမယ့် အသိစိတ်နဲ့အတူ သူမ ပြန်နိုးထလာသည်။
မျက်လုံးတွေ ဖြေးဖြေးချင်း ဖွင့်ကြည့်တော့ အဖြူရောင်မျက်နှာကြပ်က အခန့်သား လူတစ်ကိုယ်လုံးလဲ အိစက်နေတဲ့ ဖဲမွေ့ရာကြီးပေါ်မှာ နစ်မြှုပ်လုမတက်ရှိနေရာငါ ဘယ်ရောက်နေတာ ပါလိမ့် ....
မျက်လုံးထဲ မနေ့က အဖြစ်ပျက်တွေက ဖြေးဖြေးချင်း ပေါ်လာသည်။
ဘာမရှိတဲ့ သူမရဲ့ အိမ်ကို အနုကြမ်းစီးခံရတယ်
ဒါကလဲ သူမ သတိလက်လွတ်ဖြစ်သွားခဲ့လို့ပဲလားကျေး ကျောင်းသွားပြီဆိုတော့ သူမ လိုအပ်တာလေး ဝယ်ခြမ်းဖို့ အိမ်တံခါးဖွင့်အထွက် ဘယ်အချိန်ထဲက စောင့်နေမှန်း မသိတဲ့ မျက်နှာအုပ်ထားတဲ့လူတစ်စုက သူမနောက်ကျော ကို ဓါးဖြင့်ထောက်ကာ အိမ်ထဲပြန်ဝင်ခိုင်းတယ်။
သူမ ကြောက်ကြောက် လန့်လန့် နဲ့ အထဲပြန်ဝင်တော့ ကြော က်လန့်ကာ မျက်ရည်များစွာလဲ ကျဆင်းလာသည်။ ထိုလူတွေက အထဲမှာ ရှိသမျှအရာတွေကို သူတို့မှာ ပါလာတဲ့ တုတ်တွေနဲ့ ရိုက်နှက်ဖျက်ဆီးတယ်။
တစ်အိမ်လုံးရှိရှိသမျှအရာတွေ ကို တစ်စစီ ချိုးဖဲ့ဖျက်စီးတယ် ပြီးတော့ ရှိသမျှပိုက်ဆံတွေ အကုန်ထုတ်ပေးခိုင်းတယ် အဲ့ဒီအချိန်မှာ ပဲ ကျေး အသံကြားရတာ အဲ့ဒီလူတွေလဲ အနောက်ဘက် အရေးပေါ်လှေကားကနေ ပြေးဆင်းသွားကြတယ်။ ဒါ ပျို နောက်ဆုံး မှတ်မိနေတဲ့အကြောင်းတရား
ဆောင့်တွန်းခံလိုက်ရတာကြောင့် ပြစ်လဲကျကာ စားပွဲခုံစွန်းနဲ့စောင့် မိလိုက်ချိန်ထဲက နောက်ပိုင်းအဖြစ်ကို ဘာမှမမှတ်မိလိုက်။သူမ သတိလစ်မေ့လဲသွားခြင်းလဲမဟုတ်ပေမယ့်
သူမနားထဲမှာ ပဲ့ တင်ထပ်နေတဲ့ သူ့အသံဘာတွေဖြစ်ခဲ့သေးလဲ
"အား ကျွတ်! ကျွတ်! "
ရုပ်တရပ်ထထိုင်လိုက်တာကြောင့် နှဖူးဒဏ်ရာက နာကျင်သွားသည်။ သူမ နှဖူးကို လက်ဖြင့်အသာစမ်းလိုက်တော့ ပလာစတာေလးကပ်ထားတယ်။
YOU ARE READING
On the other side of hatred {Complete}
Romanceအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...