♡ အမုန်းရဲ့စည်းတစ်ဖက်ခြမ်း ♡
အခန်း (၁၀)
မှန်လုံပန်းဉယျာဥ်ပျိုးခင်းထဲက အဖြူရောင်နှင်းဆီခင်း ကြီးကို စိတ်ကြိုက်ကြည့်ပြီး ကြည်နူးနေလိုက်တယ်။
ကျေး ပြောတာ မှန်သည်။ ပန်းဆိုင် ဖွင့်မယ့်သူအတွက် ဒီနေရာက တကယ့်ရတနာပဲ ။ဒါပေမယ့် သူမအတွက်ကတော့ ဒီနေရာက မနေသင့်တဲ့နေရာ
ဒီမှာ သူမ ရောက်နေတာ သုံးလေးရက်လောက်ရှိပြီ တစ်ပတ်လောက်နေပြီးရင် ထွက်သွားဖို့လဲ ဆုံးဖြတ်ထားပြီးသား ဆွဲဆောင်နေတဲ့ ပန်းခင်းကြီးကို နှမြောဖွယ်ကြည့်ရင်း
တကယ်လှတဲ့နေရာပဲ .......
တကယ်တော့ ဒီခြံဝန်းက သုခရိပ်မြုံ ရဲ့အနောက်ဘက်ကပ်ရပ်ခြံဝန်း အရင်ကတော့ ဒီနေရာကဘာမှ မရှိတဲ့ မြေကွက်လပ်ကြီးဖြစ်ခဲ့တာကို သူမ မှတ်မိသည်။ အခုတော့ ပန်းပင်တွေဝေဝေဆာဆာ နဲ့ အရမ်းအေးချမ်းတဲ့နေရာလေးတစ်ခု ဖြစ်နေလေပြီ။ သူမအတွက် သီးသန့်ဖန်တီးထားတဲ့ နေရာလေးတစ်ခုလိုပင်။
အတွေးတွေနဲ့ ကွန့်မြူးနေတုန်း
"ပျိုလေး"
"ဟယ် .... ကြီးကြီးညို"
မတွေ့ဘယ်လောက်ကြာခဲ့မှန်းပင်မသိခဲ့သော ကြီးကြီးညို ကို သူမ တွေ့လိုက်တာနဲ့ ဝမ်းသာမိသည်။
အရင်လို နုပျိုခြင်းတွေမရှိတော့တဲ့ ကြီးကြီးညိုမှာ အရေးကြောင်းအနည်းငယ်နဲ့ ဆံပင်ဖြူတွေမှာ တစ်ခေါင်းလုံးနီးပါးပင်သူမ လက်ကလေးတွေကို ဒေါ်ညိုက ဆုတ်ကိုင်လိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် မျက်နှာေပါ်အနည်းငယ်ကျဆင်းေနတဲ့ နားသယ်ဆံစလေးတွေ ကို သပ်တင်ပေးကာ
"ပျိုလေး ရောက်နေတယ်လို့ သခင်လေး ပြောလို့ ကြည့်စမ်းပါဦး လှလာလိုက်တာ သမီးက"
"ကြီးကြီးညို နေကောင်းရဲ့လား"
"ဒါပေါ့ သမီးရယ် သခင်လေးနဲ့ ပြသာနာတွေ ဖြစ်ကြသေးလား ဒီဘက်ခြံမှာ သမီးလေးရောက်နေတယ်လို့ ပြောပြီး သခင်လေး မျက်နှာမကောင်းဘူး "
ပျို ခေါင်းလေးငုံရင်းဘာမှမပြော
"သူ့ကို ဗွေမယူပါနဲ့ သမီးရယ် သူက သမီးကို သိပ်ချစ်ပါတယ် ဒီလိုစကားမျိုး အခုမှ ဒေါ်ညိုပြောလို့ စိတ်မဆိုးပါနဲ့ကွယ်"
YOU ARE READING
On the other side of hatred {Complete}
Romanceအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...