episode 13

3K 80 0
                                    

အမုန်းရဲ့စည်းတစ်ဖက်ခြမ်း

အခန်း (၁၃)

ဒေါ်မေနန်း ပြန်ရောက်ကတည်းက သုခရိပ်မြုံ တစ်ခုလုံး ဒေါ်ညိုကအစ ခြံထဲကအလုပ်သမားအဆုံး အငြိမ်မနေရတော့ ဟိုဟာအလိုမကျ သည်ဟာအလိုမကျ မီး‌ဖိုချောင်ထဲလဲ ဟိုဟင်းမကြိုက်ဘူး သည်ဟင်းမကြိုက်ဘူးနဲ့ ဒေါ်ညိုလဲ အတော်စိတ်ပင်ပန်းနေရှာ၏။

ကျေး ကတော့ ဒီရက်ပိုင်း သုခရိပ်မြုံဘက်မသွားဖြစ်လို့ ထိုအကြောင်းတွေ မသိသေးပေ။

ဒီနေ့ ချမ်း ဆေးရုံက ဆင်းမည့်နေ့မလို့ စံအိမ်ထဲပိုလို့ပင်အလုပ်ရှုပ်နေကြကာ ဒီကြားထဲ ဒေါ်မေနန်းက အလုပ်သမားတွေကို သူ့စိတ်အလိုမကျတိုင်း အော်ဟစ်ဆူပူမောင်းထုတ်ကြလို့ သူ့နားခစားဖို့ဘယ်သူမှမသွားရဲကြ။ အခုလဲ လှေကားကြမ်းခင်းတွေ တိုက်နေတဲ့ ကောင်မလေးကို အော်ဟစ်နေတဲ့ အသံကြောင့် ဒေါ်ညို ပြေးထွက်လာရ၏။

"နင် ဒါလေးတောင် သေချာမလုပ်နိုင်ဘူးလား ဒီမှာရောက်နေတာဘယ်လောက်ကြာပြီလဲ ပြောစမ်းငါ့ကို"

"ဘာ ဘာများဖြစ်လို့လဲ မမကြီး"

"အေး နင်လာတာနဲ့အတော်ပဲ မိညို .... ဒီလိုအလုပ်သမားမျိုး ကို သုခရိပ်မြုံ မှာ လက်ခံထားလို့ စံအိမ်ရဲ့ပုံရိပ်ကကျဆင်းနေတာ တစ်ခါထဲထုတ်ပစ်လိုက်"

အပြောခံရတဲ့ကောင်မလေး ခဗျာ ကျုံ့ကျုံ့လေးထိုင်ကာ ဒေါ်ညို့ကို တလှည့် ဒေါ်မေနန်း ကိုတလှည့်နဲ့ မျက်ရည်လည်ရွဲနဲ့ကြည့်ရှာတယ်။

"မဟုတ်ပါဘူး မမကြီးရယ် အလုပ်တော့မထုတ်ပါရစေနဲ့ ဒီကလေးတွေက သခင်လေးအပေါ်မှီခိုပြီးနေရတာပါ "

"ဟဲ့ ညည်းပြောပုံက ငါ့တူကပဲ ဒုက္ခရောက်လာတဲ့သူမှန်သမျှကို ကယ်တင်ရမယ့်ပုံစံဖြစ်နေပြီ သူ့အလုပ်နဲ့သူတောင်မအားတာ ဒီစံအိမ်ကိစ္စ သူကစီမံနိုင်ပါ့မလား ဒါကိုပဲညည်းတို့က အခွင့်ကောင်းယူပြီး လုပ်ချင်တာလုပ်နေကြတာ ငါမသိရင်ခက်မယ် မိညို"

"မဟုတ်ပါဘူး မမကြီးရယ် မဟုတ်ပါဘူး"

အသံတွေက ပိုပိုကျယ်လောင်လာတာမလို့ ဒုတိယထပ် ကအခန်းတစ်ခုမှာနေတဲ့ ဆူး ပါ ထွက်လာ၏။

On the other side of hatred {Complete}Where stories live. Discover now