အမုန်းရဲ့စည်းတစ်ဖက်ခြမ်း
အခန်း (၁၇) 🌼ဇာတ်သိမ်း🌼
အဖြစ်အပျက်တွေပြီးနောက် ခြောက်လအကြာမှာ ကိုကို နဲ့ ပျို လက်ထပ်လိုက်ကြပါတယ်။
ဘာပကာသနမှမပါတဲ့ ရိုးရိုးရှင်းရှင်း လက်မှတ်ရေးထိုးပွဲလေးကို သုခရိပ်မြုံမှာပဲ ကျင်းပလိုက်ကြတယ်။
ပျို စိတ်ကူးထဲက အဖြူရောင် မင်္ဂလာဝတ်စုံကြီးကို ဝတ်ဆင်ပြီး ခမ်းခမ်းနားနားနဲ့ မင်္ဂလာပွဲကို မကျင်းပရပေမယ့် အဖြူရောင်ချိတ် ဝမ်းဆက်လေးနဲ့ ထည်ဝါလှတဲ့ လက်မှတ်ရေးထိုးပွဲလေးမှာလဲ ပျို ပျော်နေပါသည်။
ချစ်ရတဲ့သူတွေနဲ့အတူ ကျင်းပရတဲ့ ဒီပွဲလေးက သူမ တစ်သက်မမေ့နိုင်တော့ပါ။
ကိုကို ကတော့ ပျို့ ကို အားနာနေသည်ဟုထင်ရ၏။
အရင်ပျိုနေခဲ့တဲ့ အခန်းလေးက အခု ပျို တို့ရဲ့ မင်္ဂလာအိပ်ခန်းလေးအဖြစ် ပြောင်းသွားခဲ့လေပြီ။
"ပျို ကိုယ်တောင်းပန်ပါတယ်"
"ဘာကိုလဲ ကိုကို ရဲ့"
"ကိုယ် မင်း ကို ဒီလိုပုံစံမျိုးနဲ့ လက်ထပ်ယူမိခဲ့လို့"
သူ ထိုစကားပြောတော့ ပျို က နှစ်ခြိုက်စွာပြုံးသည်။ ပြီးဝောာ့ သူ့ လက်ကလေးကို ပြန်ဆုတ်ကိုင်ရင်း
"ပျို့ အတွက် ကတော့ ကိုကို့ အနားမှာ နေရရင် ကျေနပ်ပါပြီ"
"ဒီကြားထဲ ဖြစ်သွားတဲ့ ကိစ္စတော်တော်များများ အတွက်လဲ ကိုယ် မင်း ကို အားနာတယ် ပျို ရယ်"
"ကဲပါ အဲ့တာတွေ မပြောနဲ့တော့ ကိုကို သိထားရမှာက ဒီနေ့က ပျို တို့ရဲ့ မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ အဲ့လိုနေ့မှာ အရင်က စိတ်ညစ်စရာတွေပြန်မပြောရအောင် "
"ဟုတ်ပါပြီ ဗျာ ဟုတ်ပါပြီ ကိုယ့် ဇနီးလေးက စကားတွေသိပ်တက်တာပဲ"
ချမ်း ကပြောလဲပြော သူမ ပါးနုနုလေးကိုလဲ သူ့နှာခေါင်းချွန်ချွန်လေး နစ်မြှပ်သွားသည်အထိနမ်းလိုက်သည်။
"အို ..... ကိုကို"
ပျို သူ့ရင်ဘက်လေးကို အနည်းငယ် တွန်းလိုက်တော့ သူက ပျို့ လက်တွေကို ပြန်ဖမ်းဆွဲထားကာ
ရုန်းတာမျိုးလဲမဟုတ် ငြင်းဆန်တာမျိုးလဲ မဟုတ်ပဲ နှစ်ယောက်သား အနောက်က ခင်းကျင်းထားတဲ့ အဖြူရောင်ဖဲသားမွေ့ရာကြီးပေါ် လဲကျသွား၏။
YOU ARE READING
On the other side of hatred {Complete}
Romanceအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...