episode 2

3.9K 117 1
                                    

အမုန်း ရဲ့စည်းတစ်ဖက်ခြမ်း

အခန်း (၂)

အခန်းထဲကအပြင်မထွက် ငူငူငိုင်ငိုင်ဖြင့် ကျောင်းပိတ်ရက်ကသူမကို အထီးကျန်ဆန်စေကာ
စိတ်တွေက သူ့ ဆီမှာ....

ကကြိုးနွယ် နဲ့က တကယ်ပဲ ချစ်သူတွေဖြစ်သွားပြီလား ကိုကို ရယ်....

အချစ်ဦးမို့ရူးရလောက်အောင်ပင် သူမ ချမ်း ကို ချစ်မိသွားခဲ့တာ... ဒီအတွေးတွေကြောင့်ပဲ ချမ်း ရှိရာနေရာလေးတွေကို သူမ သွားတက်တဲ့အကျင့်တွေဖျောက်ခဲ့ရတယ် မတွေ့ရမနေနိုင် ဖြစ်နေပေမယ့်လဲ ကကြိုးနဲ့အတူရှိနေရင် နာကျင်ရမယ့် ကိုယ့်ကိုယ်ကို ငဲ့ရင်း မမြင်မိအောင် မတွေ့မိအောင် နေတော့သည်။ ဒါ‌တွေအားလုံး သူမ ဘက်က သူမတစ်ယောက်တည်းသာသိတဲ့ ခံစားချက်တွေပင်

"ဒေါက် ....ဒေါက်!....သမီး"

"မေမေလား ဝင်ခဲ့လေ"

အခန်းပြတင်းပေါက်ဘောင်လေးကို မှီကာ အပြင်ကို ဆွေးမြေ့မြေ့ ကြည့်နေတဲ့ သမီးလေးကို မြင်တော့

"သမီး ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"ကောင်းပါတယ် မေမေ"

"သမီးမျက်နှာကြည့်ရတာ မရွှင်မပြနဲ့ ဘာဖြစ်နေတာလဲကွယ်"

ခံစားရတဲ့နာကျင်မှုကို မေမေ့ကို ပြောပြတော့လဲ သူမအတွက်နဲ့ မေမေစိတ်ဆင်းရဲမည်သာ

မေမေ့ကိုကြည့်ရင်း ပြုံးကာ

"ဘာမှမဖြစ်ပါဘူး မေမေရဲ့ ပျို စာမေးပွဲနီးလာတော့ စိတ်တွေရှုတ်နေလို့"

"အော် သမီးရယ် ဘာများလဲလို့ မေမေ့ဖြင့်လန့်သွားတာပဲ ငါ့သမီးမျက်နှာလေး ညှိုးနေလို့"

တကယ်တော့ သူမ သမီးလေးကို တိုင်ပင်ချင်လို့ပါ
သမီးမျက်နှာညှိုးနေတော့ ပြောချင်တဲ့စကားကို ပြောသင့် မပြောသင့် စဉ်းစားနေရသေး၏။

သူမ ဦးအောင်အေးချမ်း နဲ့ဆုံတာ တစ်လလောက်ပင် ကျော်တော့မည်။ ငယ်ကချစ်နှစ်တစ်ရာမမေ့ ဆိုသလိုပဲ ပြန်တွေ့ထဲက ရင်းနှီးခဲ့တာ တစ်ချိန်က ကြည်နူးခဲ့ရတဲ့အတိုင်းများပင် သိပ်မကြာခင်ကပဲ ဦးအောင်အေးချမ်း က သူမကို လက်ထပ်ခွင့်တောင်းသည်။ ချစ်ခဲ့ဖူးသည့်ချစ်ဦးသူဖြစ်တဲ့အပြင် တစ်ယောက်အကြောင်းတစ်ယောက်သိနေတာမလို့ လူကောင်းတစ်ယောက်ဖြစ်တဲ့ ဦးအောင်အေးချမ်းကို သူမ လက်ခံ ချင်သော်လည်း သိပ်ချစ်ရတဲ့ သမီးလေး ရှိသေးသည်မလား သမီးလေးဆန္ဒ သဘောထားကို မေးရ‌ ပေဦးမည်။
ဖခင်နေရာမှာ တစိမ်းတစ်ယောက်ကို အစားထိုးဖို့
သမီးလေးက လက်ခံပါ့မလား....

On the other side of hatred {Complete}Where stories live. Discover now