episode 7

3.4K 101 0
                                    

အမုန်းရဲ့စည်းတစ်ဖက်ခြမ်း

အခန်း (၇)

ထည်ဝါ နဲ့ နိုရာ အတူစီးလာတဲ့ကားလေးထဲမှာ အသံတွေတိတ်ဆိတ်လျှက်

နိုရာ ကလဲ သူမ အတွေးနဲ့သူမ
ထည်ဝါက လဲ သူအတွေးနဲ့သူ

တစ်နေရာအရောက်မှာတော့ ထည်ဝါ က ကားကို လမ်းဘေးကပ်ရပ်လိုက်သည်။

"ဘာလို့လဲ မောင်"

နိုရာ က ကား ကူရှင် ကို ကျောမှီလိုက်ရင်း ဂရုမစိုက်သလို မျက်နှာနှာပေးနဲ့ လက်ပိုက်ထားလျှက်

ထည်ဝါ နိုရာကို စားမတက်ဝါးမတက်ကြည့်ရင်း

"မင်း ငါ့ကို နောက်ယောင်ခံနေတာဘယ်လောက်ကြာပြီလဲ"

"မောင် သာ နိုရာ့ ကို မလိမ့်တပတ်မလုပ်ရင် နိုရာလဲ အခုလို လုပ်စရာ ဘာအကြောင်းမှမရှိဘူး"

"တောက် !!!! အလကား မိန်းမ "

ဒီတစ်ခါတော့ နိုရာ တကယ် ဒေါသဖြစ်သွားပုံ ကိုယ်ကသာ သူ့ကို ကမ္ဘာကြီးတစ်ခုလိုသတ်မှတ်ထားတာ သူကတော့ ကိုယ့်ကို မြူ တစ်မှုန်စာလောက်တောင် တန်ဖိုးမထားခဲ့

"မောင် နိုရာ့ ကိုဘယ်လိုစကားမျိုး ပြောလိုက်တာလဲ တကယ်တမ်းက လှည့်စားတာဘယ်သူလဲ ဒယ်ဒီ တို့ရှေ့မှာ ကျ နိုရာ့ ကိုအရေးပါသလို လုပ်ပြပြီး ကွယ်ရာမှာ အက္ခရာပျို နဲ့ကြိတ်ပုန်းခုတ်နေတာဘယ်သူလဲ"

"အက္ခရာပျို နဲ့ ငါနဲ့က ခုထိဘာမှမဆိုင်ဘူး"

"ခုထိ မဆိုင်ပေမယ့် နောင်တစ်ချိန် ဆိုင်ရမယ့် ဇာတ်လမ်းမျိုးဖမ်းတီးတော့မှာ နိုရာသိတယ်""

ထည်ဝါ ကားမှန်ပြတင်းချကာ အပြင်ဘက်ကို လေပူတွေမှုတ်ထုတ်လိုက်ရင်းဘာမှမ‌ေပြာ တကယ်လဲမှန်နေတာပဲလေ
သူ နိုရာ့ကိုလျော့တွက်မိသွားတယ်

"ဟွန့် မောင် က နိုရာ့ ကိုလှည့်စားလို့ရမယ်ထင်နေတာလား"

"ဒီမှာ နိုရာ ငါမင်းကိုလှည့်စားဖို့လုပ်ခဲ့တာ ဝန်ခံတယ် ဟုတ်တယ် ဘာလိုဆို ငါ ပျို့ ကို ချစ်လို့ ပျို သာငါ့ကို ပြန်ချစ်ခဲ့ရင် မင်းနဲ့ဇာတ်လမ်းဆိုတာ ရှိလာမှာတောင်မရှိဘူး ဘာအပြစ်မှမရှိတဲ့သူ ကို မင်းလုပ်ခဲ့ပုံက "

On the other side of hatred {Complete}Hikayelerin yaşadığı yer. Şimdi keşfedin