အမုန်းရဲ့စည်းတစ်ဖက်ခြမ်း
အခန်း (၄)
ပြသာနာတွေအားလုံး ဖြေရှင်းလို့မပြီးခင်အချိန်ထိ ဦးအောင်အေးချမ်း တစ်အိမ်လုံးက အစေခံတွေကို သတင်းအပြင်မပေါက်ကြားရန် ကြိမ်းမောင်းထားရသည်။ဒေါ်ညိုကဦးဆောင်ကာ အစေခံတွေအားလုံးကို သတိပေးထားရ၏။
သားတော်မောင် ကလဲ အခန်းထဲက အပြင်မထွက် မေပျိုနဲ့ အက္ခရာပျို တို့ကလဲ အောက်ဆုံးထပ်က လွတ်နေတဲ့အခန်းတစ်ခုမှာအိမ်ယာပေါ်မှာ တစ်ချက်တောင်မလှုပ်ပဲ တရှုံရှုံ ငိုကြွေးနေတဲ့ သမီးဖြစ်သူကို ကြည့်ရင်း ရင်နာလို့မဆုံး
"သမီး သမီး မေမေ့ ကိုကြည့်ပါဦး သမီးရဲ့"
ပျို ကခေါင်းခါလျှက် သူမ မျက်နှာကို ကွယ်ဝှက်ထား၏။
"မေမေ တို့ ဆေးရုံသွားရအောင်ပါသမီးရယ် မလိုလားအပ်တဲ့ ပြသာနာတွေဖြစ်မလာခင် ကြိုတင်ကာကွယ်ထားရအောင်ပါ နော် သမီး နော်"
ချမ်း ကသမီးလေးကို မယူဘူးဆိုတာ လုံးဝသေချာနေတာကြောင့် ဒေါ်မေပျို သမီးအတွက် ကာကွယ်မှုတော့လုပ်ရမည်မလား
မေမေ ကဆေးရုံသွားမယ်ဆိုတဲ့ အပြောကြောင့် ပျို မေမေ့ကို မော့ကြည့်သည်။
ပြီးတော့ ချမ်း ရဲ့ မျက်နှာကို မြင်ယောင်လာကာအဲ့ဒီအစား ကျွန်တော့ကို အနိုင်ကျင့်စော်ကားမှုနဲ့ထောင်ချလိုက် ကျေကျေနပ်နပ်ကြီးဝင်သွားလိုက်မယ် သူ့ကိုတော့မယူနိုင်ဘူး.....
နားထဲမှာ ပဲ့တင်ထပ်လာတဲ့ အသံ
"ဟင့် !ဟင့် !ဟင့်! မေမေ ပျို ကြောက်တယ် ကိုကို ကို့ကြောက်တယ်"
"သမီး ရယ် ....."
ဒေါ်မေပျို ရင်ထဲမှာလဲ မီးလောင်ပြင်ပမာ
သားအမိနှစ်ယောက်ကို ကြည့်ရင်း ဦးအောင်အေးချမ်း ရင်ထဲမှာဖြေမဆည်နိုင်ပေ။
သားဖြစ်သူကိုလဲ ဘယ်လိုမှ ပြောမရခဏကြာတော့ ဒေါ်မေပျို အခန်းထဲဝင်လာသည်။
အဝတ်စားတွေသိမ်းဆည်းနေတော့"မေပျို မင်း မင်း ဘာတွေလုပ်နေတာလဲ"
"သမီးလေးက ဒီအိမ်မှာမနေချင်ဘူးတဲ့ ကိုအောင်ရယ် မေပျို သမီးလေးကို ခေါ်ပြီး တစ်နေရာသွားလိုက်မလို့ပါ"
VOUS LISEZ
On the other side of hatred {Complete}
Roman d'amourအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...