episode 14

2.7K 85 0
                                    

အမုန်းရဲ့စည်းတစ်ဖက်ခြမ်း

အခန်း (၁၄)

တိုင်းရင်းဆေးခန်းတစ်ခုက ထွက်လာတဲ့ ဒေါ်မေနန်း ကို စစ်ပိုင် ရုပ်တရပ်တွေ့လိုက်ရသည်။
ဖြစ်ချင်တော့ သူ meeting လုပ်ရမယ့် company နဲ့မျက်နှာချင်းဆိုင်က တိုင်း‌ရင်းဆေးခန်းတစ်ခုဖြစ်နေလေရာ.....

အသက်ရွယ်ကြီးသူပီပီ ဖြည့်စွက်စာတစ်ခုခု အတွက်ဆေးလာစပ်တယ်လို့ပဲ စစ်ပိုင် ထင်ပြီး သိပ်အထွေထူး မတွေးဖြစ်ခဲ့ပေ။

ဒေါ်မေနန်း ဆူး အခန်းထဲကို တံခါးခေါက်ကာ ဝင်ခဲ့သည်။ ရေချိုးပြီးကာစ မှန်တင်ခုံရှေ့မှာ ထိုင်ရင်း ပြင်ဆင်ချယ်သနေတဲ့ ဆူး က

"အန်တီမေ ကိစ္စရှိလို့လား"

"ငါ့ သမီးကတော့ အချိန်ပြည့်လှနေတော့တာပဲကွယ်"

ဆူး ကမြှောက်ပြောနေမှန်းသိလို့ မျက်ခုံးလေးတစ်ဖက် တွန့်လိုက်၏။

"အန်တီမေ သမီး ကိုပြောစရာရှိလို့ ဆူး ရဲ့"

ပြောပြောဆိုဆို နဲ့ ဆူးရဲ့ မျက်နှာချင်းဆိုင် ခုံမှ ဝင်ထိုင်လိုက်ကာ

"အွန်း ပြောလေ"

"ဒီမှာ ....."

စက္ကူနဲ့ထုတ်ထားတဲ့ ဆေးထုပ်ထင်ရတဲ့ အထုပ်လေးငါးဆယ်ထုပ်လောက်ပင်

"ဒါဘာတွေလဲ အန်တီမေ....."

"ဒါတိုင်းရင်းဆေးခန်းကနေ အန်တီမေ စပ်လာတဲ့ဆေး မူးရစ်ထုံထိုင်းပြီး အရာရာမေ့ပျောက်စေတယ်"

ထိုစကားကြောင့် ဆူး လန့်သွားပြီး မျက်လုံးများလဲ ပင့်သက်သွားလျက်

"ဒါကို ဘာလို့ ဆူး ဆီ...."

ထိုမှ ဒေါ်မေနန်း မျက်နှာထားကိုပြင်ကာ ခါးကိုလည်းမတ်မတ် ပြင်ထိုင်ပြီး

"ဆူး အန်တီမေ နဲ့ မြန်မာပြည် ဘာလို့လိုက်လာလဲ"

ထိုစကားကြာင့် ဆူး မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။

"ဒီတိုင်း ဆူး က ဆူး က"

"အဟက် .... အန်တီမေ့ ကို မညာပါနဲ့ ဆူး ရယ် သားကြောင့် ဆူး လိုက်လာတာမလား "

"အဲ့လိုဆိုတော့လဲ ဆူး ကဘာလုပ်နိုင်မှာလဲ သူ့မှာ သူ ချစ်တဲ့သူရှိနေပြီပဲ အခုချိန်မှာ ဆူးက အပြင်လူ"

On the other side of hatred {Complete}Wo Geschichten leben. Entdecke jetzt