အမုန်းရဲ့စည်းတစ်ဖက်ခြမ်း
အခန်း (၁၂)
ဒီနေ့ဆို သူ သတိလစ်နေတာ ဆယ်ရက်ပင်ကျော်ခဲ့ပြီ ...... ပြီးခဲ့တဲ့ရက်ကပဲ နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်သွားလို့ ပြင်ပလူနာဆောင်က သီးသန့်ခန်းကို ပြောင်းရွှေ့ခဲ့ပြီးလဲ ဖြစ်၏။
အရင်လို အောက်ဆီဂျင်ပိုက်တွေနဲ့ ရှုတ်ရှပ်ခတ်နေတာမဟုတ်တော့ပဲ အိပ်ပျော်နေသည့်အတိုင်းလေးပင်။
ပျို သူ့ရဲ့ မျက်နှာ လက်ကလေးတွေ ခြေထောက်ကလေးတွေကိုရေပတ်ဖြင့် ဖွဖွလေး သုတ်ပေးပြီး
ရှည်လျားနေတဲ့ သူ့လက်သည်းလေးတွေကိုညှပ်ပေးသည်။သူ သီးသန့်လူနာခန်း ပြောင်းပြီးထဲက ပျို အိမ်ပြန်ဖြစ်တာရှားသည်။ သူ့အနားမှာ နေ့ကော ညကော ပြုစုနေခဲ့တယ်။ တစ်ခါတစ်လေ ဒေါ်ညိုနဲ့ကျေး ရောက်လာတက်ပြီး သူမ ကို ခဏတဖြုတ် အတင်းနားခိုင်းမှသာ အိမ်ပြန် ပြီး ခဏနားရုံကလွဲပြီး ကျန်တဲ့ အချိန်တွေ ဆေးရုံမှာပင်။
သူ ပထမဆုံး သတိရလာခဲ့တာကို သူမ အရင်သိခြင်သည်။ သူ မျက်လုံးပွင့်လာတာကို အရင်ဆုံးမြင်ခွင့်ရတဲ့သူဟာ သူမ ပဲဖြစ်ချင်တယ်။
ကိုယ့်အတွေးနဲ့ကိုယ် သူ့လက်ကလေးကို လက်သည်းဖွဖွလေးညှပ်ပေးပြီး လက်ခုံလေးကို သူမ နှုတ်ခမ်းလေးနဲ့ ဖွဖွလေး ငုံ့နမ်းလိုက်၏။
ပြီးတော့ သူ့ကို ရေပတ်တိုက်ထားတဲ့ ဇလုံလေးကို သယ်မကာ သူ့အနားကနေထလိုက်တော့
သူမ လက်ကောက်ဝတ်လေးကို ဖမ်းဆွဲထားခြင်းခံလိုက်ရ၍
ပျို မှင်သက်ကာ ပျော်ရွှင်တဲ့ခံစားချက်နဲ့အတူ
ချမ်း ကိုကြည့်တော့လဲ ချမ်း က မျက်လုံး မှိတ်ရပ်သားနဲ့ပင် ဒါပေမယ့် သူမ လက်ကလေးကို သူ ကိုင်ထားဆဲ
"ကိုကို ..... ကိုကို သတိရလာတာလားဟင်...."
သူမ သူ့ဘေးမှာ ပြန်ဝင်ထိုင်လိုက်သည်။
"ကိုကို ....... "
သူမ လေသံသဲ့သဲ့လေးနဲ့အတူ ချမ်း လက်ကလေးကို ပြန်လည်ဆုတ်ကိုင်ထားလိုက်၏။
ထိုမှ ချမ်း ရဲ့ မျက်လုံးတစ်စုံဟာ တဖြေးဖြေး ပွင့်လာခဲ့ပြီး
VOUS LISEZ
On the other side of hatred {Complete}
Roman d'amourအမုန်းရဲ့ စည်းတစ်ဖက်ခြမ်း အဖေဖြစ်သူနဲ့ မိထွေးဖြစ်သူကို မုန်းလွန်းတဲ့အမုန်းတွေကြောင့် သူ မလုပ်သင့်အမှားကို ကျူးလွန်မိရင်းတာဝန်မယူပဲ ရှောင်ပြေးခဲ့တဲ့ ရင်ငြိမ်းချမ်း နုံနုံအအလေးမို့ မိခင်ဖြစ်သူက မျက်စိထောက်ဂရုစိုက်ကြည့်နေသည့်ကြားက သူမခင်ပွန်းရဲ့သားဖြစ...