episode 11

3.3K 89 1
                                    

အမုန်းရဲ့စည်းတစ်ဖက်ခြမ်း

အခန်း (၁၁)

အရေးပေါ်ခန်းရှေ့မှာ ခေါက်တုန့် ခေါက်ပြန်လျှောက်နေမိပြီး ရသမျှဘုရားစာတွေကို အထပ်ထပ်အခါခါရွတ်ဆိုနေမိ၏။

ချွေးအလိန်းလိန်းကျဆင်းနေတဲ့ မျက်နှာဖူးဖူးလေးကို မျက်ဝန်းအိမ်မှ မျက်ရည်စက်များက ထပ်မံပေါင်းစပ်ထားသော်လည်း နုဖက်နေတဲ့ အလှတရားလေးမှာ ပျက်ပြယ်သွားခြင်းအလျှင်းမရှိ

ထိုအချိန် ဒေါ်ညို နဲ့ ကျေး ပါ ရောက်ရှိလာသည်။

"ပျို လေး"

"မမ"

"ကြီးကြီးညို .... ကျေး..."

ဒေါ်ညိုကော ကျေးပါ သူမ ကို ဝိုင်းဝန်းပွေ့ဖက်လိုက်ကြတော့ သူမ ရှိုက်ကြီးတငင်ငိုကြွေးပြန်သည်။

"ဟင့် .... ဟင့် .... ဟင့် "

"အဆင်ပြေမှာပါ သမီး‌ရယ် မငိုနဲ့တော့နော်"

ကျေး ကသူမ လက်ကလေးကို ဆုတ်ကိုင်ထားလျှက်ပင်။

"ပျို သူ့သွေးတွေအများကြီးထွက်လာတာကို တွေ့ခဲ့တယ် ကြီးကြီးညို သူလောကကြီးကနေ အပြီးတိုင်ပျောက်ကွယ်သွားမှာကို ပျို ကြောက် နေမိတယ်"

"အိုကွယ် မဟုတ်တာတွေ သခင်လေးက ဘယ်လောက်တောင် စိတ်ဓါတ်မာကျောလိုက်သလဲ
သမီးလေး ကိုလဲ တစ်ယောက်ထဲထားခဲ့ရမှာ သူစိတ်ချဦးမှာမဟုတ်ဘူး"

ဒေါ်ညို့ ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ရင်း ငိုရှာသည်။

ကျေး အမ ဖြစ်သူကို ကြည့်ရင်း မယုံကြည်နိုင်ပင် ဒီလောက်စိတ်မတည်ငြိမ်နိုင်ဖြစ်နေခဲ့တာကို သူမ မမြင်ဖူးပေ။

မမ ရယ် အဲ့တာနဲ့များ ကိုယ့် ရင်ကိုယ်အကွဲခံပြီး ဦးရင်ငြိမ်းချမ်း ကို ငြင်းရက်တာကို ကျေး နားမလည်နိုင်ဘူး။ မမနဲ့ ဦးရင်ငြိမ်းချမ်း ကြားမှာ ဘယ်လိုပြသာနာတွေများ ဖြစ်ခဲ့ကြလို့လဲ.......

သိပ်မကြာလိုက် အရေးပေါ်ခန်းထဲက ဆရာဝန်ကြီးများထွက်လာကြသည်။

"ဆရာ ဆရာ ကိုကို့ အခြေနေဘယ်လိုရှိလဲရှင့်"

"သွေးထွက်လွန်သွားပေမယ့် စိုးရိမ်ရတဲ့အခြေနေကိုတော့ ကျော်လွန်သွားပါပြီ ဒါပေမယ့် အရေးပေါ်ခန်းမှာ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်တဲ့အထိ ထားပြီး မှ ပြင်ပလူနာဆောင်ကိုပြောင်းရွှေ့ လို့ရပါမယ်"

On the other side of hatred {Complete}Where stories live. Discover now