episode 8

3.3K 116 0
                                    

အမုန်းရဲ့စည်းတစ်ဖက်ခြမ်း

အခန်း (၈)

ဒီနေ့လဲ ချာတိတ်မလေး ရဲ့ ကျောင်းပြန်အလာကို စစ်ပိုင် လမ်းတစ်နေရာကနေ စောင့်နေလိုက်သည်။
သိပ်မကြာလိုက် ကောင်မလေး သူကားရပ်ထားတဲ့ လမ်းချိုးလေးထဲသို့ လျှောက်လာ၏။

တနေ့က တွေ့တော့ အိမ်နေရင်း ဂါဝန်ပွယောင်းယောင်းလေးနဲ့မို့ တကယ့်ကလေးမလေးလို ဒီနေ့တွေ့ပြန်တော့ တက္ကသိုလ်ကျောင်းသူလေး ပီပီ ပန်းနုရောင် ချည်သားဝမ်းဆက်လေးက ခန္တာကိုယ်ကောက်ကြောင်းလေးပေါ်မှာ ချပ်ချပ်ကပ်ကပ်‌လေးရှိနေ၍ မနိမ့်လွန်းမမြင့်လွန်းသော အရပ်ကလေးနဲ့အတူ ဂုတ်အောက်ဆံပင်အဝိုက်လေးကို ခပ်မြင့်မြင့်လေး စည်းထားပြီး နားသယ်ဆံစလေးတွေကအရှေ့ကနေ ယိမ်းကျနေလျှက် ဟိုနေ့ကတွေ့လိုက်တဲ့ ချာတိတ်လို့ပင်ပြောရက်စရာမရှိ မပါမဖြစ် သူမရဲ့မျက်မှန်အဝိုင်းလေးကြောင့် ပင် စစ်ပိုင် တန်းမှတ်မိလိုက်ခြင်းပင်။

သူမ လေးကလဲ သူ့ကို တွေ့လိုက်တာနဲ့ ပြုံးပြီး သူ့အနားခုန်ပေါက်ပြေးလွှားလာသည်။

"အန်ကယ် .... ဒီနေ့လဲ မမ ကို လာစောင့်နေတာလား"

တကယ့်အဖြူထည်လေးပါ သွားတန်းလေးတွေစီနေအောင် သူ့ကို ပြုံးပြနေတဲ့ပုံလေး
စစ်ပိုင် သူမ မျက်နှာက မခွာနိုင်ဖြစ်နေပြီး
ဘေးကအရာတွေကို ခဏမေ့နေချိန်တွင်

သူ့ မျက်နှာရှေ့ သူမ ရဲ့လက်ကလေးနဲ့ ကာလိုက်သောကြောင့် သူအသိပြန်ဝင်လာ၏။

"အန်ကယ် ဘာဖြစ်နေတာလဲ မျက်လုံးကြီးဖွင့်ပြီး အိပ်ပျော်နေတာလား"

"ဘာဖြစ်တယ် .... မင်းကတော့နော်"

"ဟုတ်တယ်လေ ‌ကျေး ရောက်နေတာကြာပြီ အန်ကယ် က ကျေးကိုကြည့်ပြီး မျက်တောင်တောင်မခတ်လို့"

သူ့ကိုစိုက်ကြည့်နေလို့ဆိုပြီး ကြောက်ရွံ့ရကောင်းမှန်းလဲမသိ ရှက်ရွံ့ရကောင်းမှန်းလဲမသိ

"ဟိတ် ဟိတ် တစ်ခါထဲပြောမယ် ငါ့ကို အန်ကယ်လို့ခေါ်တာ ပြင် ငါ မင်းဦးလေးအရွယ်မဟုတ်ဘူး"

"အဲ့တာဆို ကျေး ကဘယ်လိုခေါ်ရမှာလဲ"

"ငါ့ နာမည်စစ်ပိုင် ကြိုက်သလိုခေါ်လို့ရတယ် နာမည်ကို"

On the other side of hatred {Complete}Waar verhalen tot leven komen. Ontdek het nu