1

2.6K 150 4
                                    

" ကိုကို "

" မောနေပြီလား ဆောနူ "

7နှစ်အရွယ်ကလေးလေးတစ်ယောက်အား 10နှစ်အရွယ်ကလေးလေးမှထိုကလေးလေး၏နဖူးပြင်သေးသေးလေးထက်ချွေးစလေးများကိုငုံ့ကာသုတ်ပေးရင်းမေးနေသည်။

" ဟုတ် သားမောနေပြီ "

" ဒါဆိုကိုကိုတို့ ခဏနားကြမယ်လေ "

" ဟုတ် "

******

" ကျွန်တော်ယောက်ျားတစ်ယောက်ကိုလက်ထပ်ရမယ်ဆိုဝာာတော့အဆင်မပြေနိုင်ဘူး ဒေါ်လေး "

" မင်း လေးလေးရဲ့အသက်ကိုမင်းပဲကယ်နိုင်မှာ ဆောနူ၊
ဒေါ်လေးလည်းမင်းကိုအဲ့လိုမလုပ်ချင်ပါဘူး၊ ဒါပေမဲ့ ! "

ဒေါ်လေးရဲ့ပုံစံကကျွန်တော့်ကိုအသနားခံနေသည့်ပုံစံဖြင့်မျက်နှာကညှိုးရော်နွမ်းဖတ်နေသည်။ကျွန်တော့် ဦးလေးဖြစ်သူ၏ရောဂါကိုဆေးကုသနိုင်ဖို့လုံလောက်တဲ့ငွေကြေးကျွန်တော့်တို့မှာမရှိ။

လေးလေးရဲ့ကျေးဇူးတွေကျွန်တော့်အပေါ်မှာအများကြီးရှိတယ်ဆိုပေမဲ့ဒီနည်းနဲ့ဝောာ့ကျွန်တော်ဆပ်ဖို့အဆင်မပြေနိုင်။
ယောက်ကျားတစ်ယောက်ကိုလက်ထပ်ဖို့အထိကျွန်တော့်အတွက်အဆင်မပြေ။

" ကျွန်တော် လေးလေးရဲ့ဆေးစရိတ်ကိုရအောင်ရှာပေးပါ့မယ်"

ထိုစကားတစ်ခွန်းသာပြောပြီးဒေါ်လေးရှေ့မှကျွန်တော်ထွက်လာခဲ့သည်။ဒေါ်လေးကဝောာ့ငိုရင်းကျန်ခဲ့လေသည်။
ကတိပေးခဲ့ပေမဲ့ဘယ်မှာရှာရမှန်းကျွန်တော်မသိ။ကင်ဆာရောဂါဖြစ်တဲ့အတွက်ဆေးစရိတ်ကနည်းမှာတော့မဟုတ်။

" လူတစ်ယောက်လုံးကိုမမြင်ဘူးလားဗျ "

လမ်းကြားလေးမှထွက်လာသည့်ကားတစ်စီးကလမ်းမပေါ်သို့တက်ချလာသည်မှာသူပိုင်သည့်လမ်းအတိုင်း။လမ်းမကြီးအတိုင်းစက်ဘီနင်းလာသည့်ကျွန်တော့်ကိုပွတ်ဆွဲချသွားသည်မှာလမ်းဘေး‌မြောင်းလေးထဲသို့စက်ဘီးနဲ့အတူကျွန်တော်ပါထိုးကျသွားသည် ။စိတ်တိုတိုနဲ့ကားပေါ်မှလူအားလှမ်းအော်ပစ်လိုက်သည်။လူကစိတ်ညစ်နေရတဲ့အထဲဘယ်လိုဟာတွေနဲ့လာတွေ့နေရလည်းမသိ။ဒီရက်အတွင်းကံဆိုးမှုတွေက delivery နဲ့ပို့စရာမလိုဘဲရောက်လာနေကြသည်။

Sung's Mine ( Completed )Where stories live. Discover now