" ကျွန်တော့်ကိုဘယ်ခေါ်လာတာလဲ "
ဘာစကားမှမပြောဘဲကားပေါ်မှဆင်းသွားကာကျွန်တော်ရှိရာဘက်ဆီလာ၍ကားတံခါးကိုဖွင့်ပေးလာသည်။ကျွန်တော်ကားပေါ်ကမဆင်းဘဲသူ့ကိုမျက်မှောင်ကျုံ့ကာကြည့်နေလိုက်သည်။
" လာပါ ရောက်ရင်သိလိမ့်မယ် "
ကျွန်တော့်ကိုကားပေါ်မှဆွဲချကာခေါ်လာသည်က ice skate ကွင်းတစ်ခု။skate ကွင်းထဲမှာ skate စီးနေသူသိပ်မရှိ။ပိတ်ရက်မဟုတ်တာကြောင့်လည်းဖြစ်လိမ့်မည်။ကျွန်တော့်ကိုဝောာင်ကျောင်းလာကြိုရင်းဒီကိုခေါ်လာခဲ့ခြင်းဖြစ်သည်။
" ကျွန်တော် မစီးတတ်ဘူး "
" ကိုယ်သင်ပေးမယ် "
Skate shoes ကိုစီးရင်းခပ်ပြုံးပြုံးပြောလာသောထိုသူအားကြည့်ရင်းကျွန်တော်နားမလည်ဖြစ်ရသည်။ဒီလူကဒီလိုလည်းရတာပဲလား။အလုပ်မှအလုပ်ဖြစ်နေသူက skate ကိုကျွမ်းကျင်အောင်စီးတတ်တယ်ဆိုတာကျွန်တော်မယုံနိုင်။
သူ skate shoes စီးပြီးသွားတဲ့အခါ၊ ခေါင်းပေါ်မှအကာအကွယ်ဦးထုပ်ကိုပါဝတ်နေသည်။ကျွန်ဝောာ့်ဘက်သို့လည်း skate shoes တစ်စုံကိုပေးလာသည်။ကာအကွယ်ဦးထုပ်တစ်ခုကိုပါသူကိုယ်တိုင်ဆောင်းပေးလာ၏။
" ခင်ဗျား စီးတတ်တာသေချာလို့လား "
" ကိုယ်အကျွမ်းကျင်ဆုံးက ice skate စီးတာပဲ "
[ ကိုကိုက skate စီးတာအရမ်းဝောာ်တာပဲ "
ငါအကျွမ်းကျင်ဆုံးက ice skate စီးတာပဲ ]
ကိုကို့စကားတွေနဲ့ထပ်တူညီနေသောစကားသံတို့ကကျွန်ဝောာ့်အတွက်စိတ်မသက်မသာဖြစ်စေသည်။ဒီလူကဘာလဲ။
ကိုကို့လိုပဲ skate စီးတတ်သလို၊ကိုကိုအကျွမ်းကျင်ဆုံး ice skate ကိုလည်းဒီလူကကျွမ်းကျင်စွာစီးတတ်သည်တဲ့။စိတ်ထဲအလိုမကျတာလိုလို၊သဘောကျချင်တာလိုလိုနဲ့စိတ်တွေကရှုပ်ထွေးနေမိသည်။ဘာလဲကိုကို့နေရာမှာဒီလူ့ကိုကျွန်တော်အစားထိုးချင်နေမိတာဝောာ့မဟုတ်ဘူးမလား။
မဟုတ်ဘူး ကိုကိုကကျွန်တော့်ဘဝအတွက်ဘာနဲ့မှအစားထိုးမရတဲ့သူ။ရှုပ်ထွေးနေသည့်စိတ်တို့အားအတွေးထဲထပ်ဝင်မလာအောင်ခေါင်းရမ်းကာရှင်းထုတ်ရသည်။
YOU ARE READING
Sung's Mine ( Completed )
Romanceမင်းကိုယ့်လက်ကလွတ်မြောက်ဖို့အတွက်ဆိုရင် ကိုယ်သေမှပဲရမယ် ... အဲ့တာကိုမြဲမြဲမှတ်ထား