3

1.1K 123 1
                                        

" ကျွန်မသားကိုကျွန်မခေါ်ထားမှာ၊
ရှင်အဲ့ကလေးကိုခေါ်သွားလိုက် "

" ဒါလဲမင်းသားပဲလေ၊
ငါ့သားကိုခွဲခြားဆက်ဆံတာငါမကြိုက်ဘူးလို့ပြောထားတယ်နော် "

ဒယ်ဒီကဒေါသတကြီး မာမီ့ကိုအော်ငေါက်သည်။မာမီက
ဆောန်းဟွန်း ကိုဖက်ထားကိုကျွန်တော့်ကိုစူးစူးဝါးဝါးကြည့်နေသည်။ဒယ်ဒီနဲ့မာမီတို့စကားများတဲ့အခါတိုင်းမာမီကကျွန်တော့်ကြောင့်လို့တွင်တွင်ပြောကာအပြစ်ရှာတတ်သည်။မာမီကကျွန်တော့်ကိုမချစ်။ကျွန်တော့်အကိုကိုသာချစ်သည်။ကျွန်တော့်ကိုတော့သူ့သားအရင်းတစ်ယောက်လိုဘယ်တုန်းကမှမသတ်မှတ်ခဲ့။ဒယ်ဒီနဲ့မာမီအမြဲရန်ဖြစ်စကားများရခြင်းအကြောင်းအရင်းကလည်းကျွန်တော်နဲ့အကိုရန်ဖြစ်သည့်အချိန်တိုင်းမာမီကကျွန်တော့်ကိုသာအပြစ်ဖို့ရိုက်နှက်တတ်ခြင်းကြောင့်ဖြစ်သည်။ဒယ်ဒီကကျွန်တော့်ကိုယခုလိုပြုမူခြင်းအားလုံးဝမကြိုက်။ကျွန်တော့်နဲ့အကို့ကိုတန်းတူညီတူသာချစ်ပေးတဲ့ဒယ်ဒီကမာမီကျွန်တော့်အပေါ်မုန်းတီးနေခြင်းအားမလိုလားတာကြောင့်အမြဲရန်ဖြစ်ကားများတတ်ကြသည်။

မာမီကအစွဲကြီးသူတစ်ယောက်ဖြစ်သည်။မာမီကျွန် တော့်ကိုမုန်းရခြင်းအကြောင်းအရင်းကတော့ကျွန်တော်နဲ့အကို့ကိုကိုယ်ဝန်လွယ်ထားစဉ်ကမြင်မက်ခဲ့သည့်အိမ်မက်တစ်ခုကြောင့်တဲ့လေ။အိပ်မက်ထဲမှာ ကျွန်တော်ကအကို့ကိုသတ်ခဲ့တယ်လို့မြင်မက်ခဲ့တယ်တဲ့။ကျွန်တော်နဲ့အကို မာမီ့ဝမ်းထဲကထွက်လာစဉ်ကလည်းကျွန်တော်က‌ပေါင်ပြည့်ကျန်းမာစွာလူ့လောကထဲရောက်လာခဲ့ပေမဲ့အကိုကတော့ပေါင်လည်းမပြည့်သလိုကျန်းမာရေးလည်းချူချာခဲ့သည်။အကို့ကိုလက်လျှော့ရမည့်အခြေအနေထိဖြစ်ခဲ့ရသည်။ကျွန်တော်ကိုယ်တိုင်တောင်မသိတဲ့အကြောင်းအရာတစ်ခုက မာမီကျွန်တော့်ကိုနာကျည်းမုန်းတီးစေသည့်ခိုင်လုံတဲ့အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သည်။ရုပ်ချင်းခွဲမရအောင်တူတဲ့အမွှာညီကိုတွေဖြစ်ခဲ့ပေမဲ့ မာမီ့ဆီကမိခင်မေတ္တာကိုတော့အကို့လောက်တောင်ကျွန်တော်မရခဲ့။တစ်စက်ကလေးမှမရခဲ့ခြင်းကပို၍မှန်ကန်ပါလိမ့်မည်။

Sung's Mine ( Completed )Unde poveștirile trăiesc. Descoperă acum