" မနက်ဖြန် အဖေ့ကိုတစ်နေရာအဖော်လိုက်ခဲ့ပေးနိုင်မလား
သားငယ် "ညနေစာထမင်းဝိုင်းမှပထမဆုံးထွက်လာသောအဖေ့၏အသံ။တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကအဖေ့စကားသံအပြီးမှာလည်းထပ်၍တိတ်ဆိတ်သွားပြန်သည်။ကျွန်တော်ကလည်းစကားများတတ်သူမဟုတ်သလို၊အဖေကလည်းခပ်အေးအေးနေတတ်သောလူကြီးတစ်ယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ထက်ပို၍အေးစက်သည့်ဟိုလူ့ကိုပါထပ်ပေါင်းထည့်တဲ့အခါလူသုံးယောက်ရှိနေသည့်ထမင်းဝိုင်းဟာအေးစက်ခြောက်သွေ့လျက်။
" ဘယ်ကိုလဲ အဖေ "
ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်နေသည့် ဟိုလူ့မှာကျွန်တော့အမေးသံအဆုံးတစ်ချက်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
အဖေက သူ့ကိုတစ်ချက်ကြည့်ကာကျွန်တော့်ဘက်ပြန်လှည့်လာ၍ခပ်ပြုံးပြုံးသာစကားဆိုလာသည်။" အဖေ့ သားကြီးဆီကိုပါ "
အဖေ့စကားကြောင့်ကျွန်တော်အံ့ဩသွားရသည်။ကျွန်တော်အံ့ဩခြင်းက ပတ်ဆောင်းဟွန်းကိုတစ်ဦးတည်းသောသားဖြစ်သည်ဟုထင်ထားသောကြောင့်။သူ့မှာအစ်ကိုရှိတယ်ဆိုတာကိုယခုမှသိခြင်းဖြစ်သည်။
" ဒယ်ဒီ "
အဖေ့ကိုခေါ်လိုက်သည့်အသံမှာမလိုလားခြင်းနှင့်သဘောမကျခြင်းတို့ပါဝင်နေသည်။သူတို့ ညီအကိုတွေကြားဘာပြဿနာများရှိကြလို့လဲမသိ။ပတ်ဆောင်းဟွန်းပုံစံကအလိုမကျသလိုအဖေ့ကိုကြည့်နေသောအကြည့်တို့မှာစူးရဲကာခက်ထန်နေသည်။
" ရပါတယ် သားငယ်မအားလည်းအဖေကိုယ့်ဘာကိုသွား
လိုက်ပါ့မယ် "" မဟုတ်တာ ကျွန်တော်အားပါတယ် အဖေ "
ဟိုလူ့အကြည့်တစ်ချက်နဲ့ခေါ်သံတစ်ခုမှာတင်အဖေဖြစ်သူကမျက်နှာပျက်လက်လျှော့ရသည့်ဟန်ကမဟုတ်သေး။ဒီလူ ဖအေကိုမရိုမသေနဲ့ဘယ်လိုတွေပြုမူနေမှန်းလဲမသိ။
" မနက်ဖြန် ကိုယ်မင်းကိုခေါ်သွားစရာရှိတယ် ဆောနူ "
" ကျွန်တော်မနက်ဖြန် အဖေနဲ့လိုက်သွားမှာ "
ကျွန်တော့်စကားကြောင့်ဟိုလူမျက်နှာပျက်သွားသည်။အဖေကလည်းကျွန်တော်တို့နှစ်ယောက်ကြားမနေတတ်ဟန်၊အားနာနေဟန်တို့ဖြင့်အနေခက်နေပုံရသည်။
YOU ARE READING
Sung's Mine ( Completed )
Romanceမင်းကိုယ့်လက်ကလွတ်မြောက်ဖို့အတွက်ဆိုရင် ကိုယ်သေမှပဲရမယ် ... အဲ့တာကိုမြဲမြဲမှတ်ထား