12

768 87 3
                                        

" အဲ့တာနဲ့ပဲ နှလုံးသားလေးတဒိတ်ဒိတ်ဖြစ်သွားတယ်ဆိုပါတော့ "

ကော်ရစ်တာလျှောက်လမ်းတလျှောက်တွင်ကျောင်းသားတချို့အဖွဲ့စုလေးများဖြင့်စကားပြောနေကြသည်။ကျွန်တော်နဲ့ဂျောင်ဝန်းအခန်းရှိရာသို့သွားနေရင်းမနေ့ကအဖြစ်ပျက်အားဂျောင်ဝန်းကိုရင်ဖွင့်လိုက်သည်။

" အဲ့မျက်နှာကဘာဖြစ်နေတာလဲစူပုပ်မနေဝောာ့နဲ့၊
မင်းချစ်ချင်တယ်ဆိုချစ်လိုက်ပေါ့ "

" ငါမှသူ့ကိုမချစ်ချင်တာ "

" ကိုယ့်ယောက်ျားကိုယ်ချစ်တာပဲ ဘာဖြစ်လဲကွာ "

" မသိတော့ဘူး၊ငါ့စိတ်တွေရှုပ်ထွေးနေတယ် "

အခန်းထဲသို့ရောက်တဲ့အခါလွယ်လာသည့်ကျောပိုးအိတ်ကိုဗုန်းကနဲမြည်အောင်ပစ်ချရင်းခုံမှာစိတ်ပျက်လက်ပျက်ထိုင်လိုက်သည်။

" မင်းကိုကိုနဲ့ပတ်သက်ပြီးတော့ စိတ်ရှုပ်နေတာမလား "

သက်ပြင်းတစ်ချက်ချရင်း ဆောနူကခေါင်းငြိမ့်ပြလာသည်။

" တစ်သက်မှာတစ်ယောက်ပဲချစ်ရမယ်လို့ဘယ်ဥပဒေကပြဌာန်းထားလို့လဲကွာ၊
အချစ်ဆိုတဲ့အရာကတစ်ဦးတစ်ယောက်တည်းမှာပဲဖြစ်တည်ရမယ်လို့မရှိပါဘူး၊တချို့ဆိုအချစ်သစ်နဲ့တွေ့မှအံဝင်ဂွင်ကျဖြစ်ပြီးအဆင်ပြေသွားတာမျိုးတွေရှိတာပဲ "

" ဒါဝောာ့ဒါပေါ့ ဒါပေမဲ့ ... "

" တကယ်တော့လေမင်းက မင်းကိုကို ကိုချစ်တာထက်စွဲလမ်းနေတာမျိုး၊ဒီတစ်ယောက်တည်းကိုပဲချစ်မယ်ဆိုပြီးအစွဲကြီးနေတာ မင်းက "

" သူက ကိုကိုနဲ့တူနေလို့ရင်ခုန်တာမျိုးလည်းဖြစ်နိုင်တာပဲ "

မျက်နှာငယ်လေးနဲ့ဝေခွဲရခက်နေသည့်သူငယ်ချင်းလေးကိုကြာတော့သနားလာသည်။ချစ်ချင်တာပဲချစ်လိုက်ရင်ပြီးတာကိုမူနေသေးတယ် ဒီကောင်။နာမည်တူမရှားလူတူမရှားဆိုတာရှိတာပဲ။ဘယ်သူနဲ့တူတူကိုယ်ကချစ်ချင်ရင်ချစ်လိုက်လို့ရတာပဲ။

" ရင်ခုန်တိုင်းအချစ်လို့တော့ပြောလို့မရပါဘူး၊
မင်းကိုယ်မင်းသေချာအောင်ဆန်းစစ်ကြည့်ပေါ့၊သေချာတဲ့အဖြေတစ်ခုရတာနဲ့ဆုံးဖြတ်ချက်ချလိုက်၊တစ်ခုပဲ မင်းနှလုံးသားကိုတော့မင်းမညာမိစေနဲ့ "

Sung's Mine ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ