" သူလာခဲ့တဲ့အကြောင်းကို ဒယ်ဒီကျွန်တော့်ကိုပြောပြခဲ့သင့်တယ် "
" အဖေပြောပြခဲ့ရင်ရော ခင်ဗျားကဘာလုပ်မှာလဲ "
ဒယ်ဒီနဲ့သူစကားပြောနေသည့်စာကြည့်ခန်းဆီသို့ ဆောနူရောက်လာခဲ့သည်။ကျွန်တော်တို့ပြောနေသည့်စကားများကိုဘယ်အချိန်ကတည်းကနားထောင်နေမှန်းမသိပေမဲ့အားလုံးကိုသိနေသည့်အလား ဆောနူမျက်ဝန်းများကဝန်ခံနေကြသည်။
" ဆောနူ "
" ကျွန်တော်မေးတာပဲဖြေပါ ၊ခင်ဗျားဘာလုပ်မှာလဲ၊ခင်ဗျားအရင်ကလုပ်ခဲ့ဖူးသလိုပဲ အကို Jay ကိုသတ်ပစ်မှာလား၊
အကို Jay လိုလူကိုခင်ဗျားလွယ်လွယ်နဲ့သတ်နိုင်မယ်ထင်လား "ဆောနူမေးသည့်မေးခွန်းအတွက်ကျွန်တော့်မှာအဖြေမရှိ။Jay ဆိုသည့် ရဲအရာရှိကတခြားသူတွေနဲ့မတူတာကိုကျွန်တော်သိသည်။အတော်ဆုံးရဲအရာရှိအဖြစ်သတ်မှတ်ခံထားရသူဆိုတာကိုလည်းစုံစမ်းချက်တွေအရသိရသည်။နောက်ထပ်တစ်ခုက Jay ဆိုတဲ့ရဲအရာရှိဟာ ဆောနူ၏ အချစ်ဆုံးသူငယ်ချင်း
ယန်းဂျောင်ဝန်းရဲ့ချစ်သူလည်းဖြစ်သည်။" ဆောနူ ... "
" ကျွန်တော်အားလုံးသိတယ်၊
ခင်ဗျားဘာဆိုတာကိုလည်းကျွန်တော်သိတယ်၊နောက်ဆုံးခင်ဗျားနဲ့ခင်ဗျားရဲ့အမွှာအကို အကြောင်းကိုပါအားလုံးသိနေတယ် "အံ့ဩမှုဖြင့်ဆောင်းဟွန်းမျက်လုံးတို့ကထိတ်လန့်မှုများပြည့်လာ၏။ဆောနူအား တောင်းပန်တိုးလျှိုးသည့်အကြည့်များဖြင့်ကြည့်လာသောကြောင့် ဆောနူမှာချစ်ရသူအားသနားလည်းသနားရသလိုစိတ်လည်းဆိုးမိသည်။ကိုယ့်ကိုမလိုအပ်သူအတွက်ကြောင့်နဲ့များကိုယ့်ဘဝတစ်ခုလုံးကိုဘာကြောင့်အဆုံးခံခဲ့ရသလည်းဆိုတာကိုသူနားမလည်ပေမဲ့အပြစ်မတင်ရက်။သူ့အားမိခင်၏အလိုမရှိမှုများကဆိုးသွမ်းစေသည့်နတ်ဆိုးအဖြစ်စေညွှန်ခဲ့မိသည်ထင်ပါ၏။အကိုအရင်းတစ်ယောက်လုံးကိုတောင်သတ်နိုင်သည်အထိကျွန်တော်ချစ်ရသူကဆိုးသွမ်းသည့်ကလေးတစ်ယောက်လည်းဖြစ်ခဲ့၏။
အဲ့နေ့ကအဖေသည် ကျွန်တော့်အားအရာအားလုံးကိုပြောပြခဲ့သည်။အဖေပထမဆုံးထုတ်ပြလာခဲ့သည်ကရုပ်ချင်းခွဲမရအောင်တူညီကြသည့်ကလေးနှစ်ယောက်၏ပုံလေးတစ်ပုံ။
မိမွေးတိုင်းဖမွေးတိုင်းပေါက်စနှစ်ကောင်၏ပုံလေးတွေကကျွန်တော့်ကိုမျက်ရည်ဝဲစေသည်။နူးညံ့သည့်မျက်နှာသွင်ပြင်ချင်းတူကြပေမဲ့ ပတ်တ်ဆောန်းဟွန်းမှာတော့နူးညံ့မျက်နှာထားနှင့်အညီချိုသာတဲ့အပြုံးအရယ်တွေရှိသည်။ပတ်ဆောင်းဟွန်းကတော့ပေါက်စလေးကတည်းကတည်နေတဲ့မျက်နှာထားနှင့်သာ။မှုန်ကုပ်ကုပ်မျက်နှာလေးနှင့်ပတ်ဆောင်းဟွန်းပေါက်စလေးကိုမြင်ရတော့ကျွန်တော်ပြုံးမိလိုက်သေး၏။
YOU ARE READING
Sung's Mine ( Completed )
Romanceမင်းကိုယ့်လက်ကလွတ်မြောက်ဖို့အတွက်ဆိုရင် ကိုယ်သေမှပဲရမယ် ... အဲ့တာကိုမြဲမြဲမှတ်ထား