9

681 78 0
                                    

ကျွန်တော့်ဘဝကပုံမှန်အတိုင်းလည်ပတ်နေသည်။သူလည်းအရင်ကထက်ကျွန်တော့်ကိုပိုဂရုစိုက်လာတာကလွဲရင်သူ့အလုပ်တွေကိုလည်းမလစ်ဟင်းစေရ။ကျွန်တော့်အတွက်ပေးလိုက်ရသည့်အချိန်တွေကိုညဘက်တွေရောက်တဲ့အခါအလုပ်အတွက်ပိုတိုးလို့အသုံးချသည်။အရင်ကညနက်မှအိပ်ယာဝင်တယ်ဆိုတာမှန်ပေမဲ့ ည12နာရီကအလွန်ဆုံးသူအိပ်ယာဝင်သည့်အချိန်ဖြစ်၏။သို့ပေမဲ့အခုတလောမနက်ကျွန်ဝောာ်တရေးနိုးတဲ့အချိန်တွေမှာတောင်သူအိပ်ယာကိုမရောက်လာသေး။

အခုလည်းကျွန်တော်တရေးနိုးလာခြင်းဖြစ်ရာကျွန်တော့်ဘေးမွေ့ယာနေရာဟာလစ်ဟင်းလျက်။ဖုန်းကိုယူကာအချိန်ကိုကြည့်လိုက်တော့မနက် 1နာရီခွဲ။ဒီအချိန်ထိမအိပ်သေးဘဲအလုပ်ခန်းထဲမှာပင်အချိန်ကုန်နေပြန်သည်။ကြာရင်ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာဒီလူမသိဘူးလား။ဘာလို့ဒီလောက်ဝောာင်အလုပ်ကိုလောဘကြီးနေရလဲမသိပေ။

ကျွန်ဝောာ်အခန်းထဲမှထွက်ကာသူရှိရာစာကြည့်ခန်းသို့ဦးတည်လိုက်သည်။အရင်လိုသူနဲ့ကျွန်တော်ကခပ်စိမ်းစိမ်းအခြေအနေမဟုတ်ကြတော့။အရမ်းရင်းနှီးသွားကြတာမျိုးမဟုတ်ပေမဲ့အရင်ကထက်ဝောာ့အများကြီးရင်းနှီးလာခဲ့သည်။အိမ်ထောင်သက်တမ်းကတစ်လနီးပါးရှိနေပြီဖြစ်ပေမဲ့အခုမှရင်းနှီးဖို့ကြိုးစားနေကြသည့်အနေအထားပင်ရှိနေသေးသည်။

တစ်ယောက်အကြောင်းတစ်ယောက်ဃဃနနမသိကြဘဲရုတ်တရက်ကြီးလက်ထပ်လိုက်ကြတာဖြစ်တဲ့အတွက်ကျွန်ဝောာ်တို့ကြားဘာရင်းနှီးမှုမှမရှိခဲ့။အဆိုးဆုံးကဝောာ့သူနဲ့ကျွန်တော့်ရဲ့ပထမဆုံးတွေ့ဆုံခြင်းကပင်အဆင်ပြေခဲ့ကြသည်မဟုတ်တော့မုန်းတီးခြင်းဆိုတဲ့သဘောတရားလေးကပါအနည်းငယ်ပါဝင်ပတ်သက်ခဲ့ရသည်။သို့ပေမဲ့အခုတော့အမုန်းတရားတွေမရှိတော့ပေမဲ့ ကိုကိုနဲ့ပတ်သက်လာတိုင်းဒီလူ့ကိုသဘောမကျဖြစ်ရတာတော့အမှန်။

" ဒေါက် ဒေါက် "

တံခါးကိုအသာခေါက်ကာအသိပေးတော့ချက်ချင်းပင်အထဲမှတံခါးကပွင့်ဟလာသည်။ပွင့်သွားသောတံခါးချပ်နဲ့အတူ ညအိပ်ဝတ်စုံဖြင့်တွေ့လိုက်ရသောထိုလူ။မျက်လုံးအစုံကနီရဲကာအိပ်ချင်တာကိုမရမကတင်းခံနေသည့်ပုံပင်။အိပ်ချင်တာပဲအိပ်လိုက်ပေါ့၊ဘာလို့ဒုက္ခ ခံနေလဲမသိ။အတွေးတို့နဲ့သူ့ကိုကြည့်ကာမျက်မှောင်ကျုံ့မိသွားသည်။သူ့ကိုမြင်ရတာသူကိုယ်တိုင်တော့မသိကိုယ်ကဝောာ့အဆင်မပြေ။

Sung's Mine ( Completed )Where stories live. Discover now