" ဒယ်ဒီတို့ပြန်ရမယ် သားငယ် "
" ဘာကြောင့်လဲ ဒယ်ဒီ "
" သား မာမီဆုံးသွားပြီ၊ဒယ်ဒီတို့နာရေးအမှီပြန်ရမယ် "
" ကျွန်တော့်ဘဝမှာ အမေဆိုတာမရှိတော့ဘူးဒယ်ဒီ၊
ဒယ်ဒီနဲ့မာမီကကွာရှင်းပြီးပြီမဟုတ်လား၊ဘာကိစ္စသူတို့နဲ့ထပ်ပြီးပတ်သက်နေအုံးမှာလဲ၊ကျွန်တော်မပြန်ချင်ဘူး ဒယ်ဒီ"ဒီကောင်လေးမိခင်ဖြစ်သူအားမုန်းတီးနာကျည်းနေခြင်းကအခုထိအရှိန်မကျသေး။မိခင်တစ်ယောက်လုံးဆုံးပါးသွာခြင်းအပေါ်လည်းဘာခံစားချက်မှရှိမနေသလို၊ဝမ်းနည်းဟန်တို့အားတစ်စက်ကလေးတောင်မမြင်ရသူ့ပုံစံအတိုင်း အေးတိအေးစက်သာ။ဒီလောက်ထိမိခင်ဖြစ်သူကိုမုန်းတီးနာကျည်းနေလိမ့်မယ်လို့မထင်ခဲ့မိတာအမှန်။ဒါပေမဲ့မပြန်လို့မဖြစ် သားကြီးကိုသွားခေါ်ရအုံးမည်။
သားငယ်ကို London မှာတစ်ယောက်တည်းချန်ထားရစ်ခဲ့ဖို့ကလည်းမဖြစ်နိုင်သေး။" မပြန်လို့မရဘူးသားငယ် ၊သားအကိုကိုဒယ်ဒီတို့သွားခေါ်ရမယ် "
" ကျစ် "
စိတ်မရှည်သလိုကျစ်စုပ်ကာထထွက်သွားသည်။သားငယ်က
အေးစက်စက်နိုင်ပေမဲ့ကျွန်တော့်စကားကိုတော့အလေးထားသည့်ကလေးတစ်ယောက်ဖြစ်သည်။မိခင်မေတ္တာကိုမရရှိခဲ့တဲ့သားငယ်ကဖခင်ဖြစ်သည့်ကျွန်တော့်မေတ္တာတွေကိုလိုချင်ဟန်မပြခဲ့ပေမဲ့ကျွန်တော့်ဘဝမှာဒီသားငယ်လေးတစ်ယောက်သာရှိတယ်မဟုတ်လား။သားကြီးကလည်းကျွန်တော်နဲ့အဝေးဆုံးမှာရှိနေတာမို့ကျွန်တော့်ဘဝမှာသားငယ်တစ်ယောက်သာရှိပါသည်။ဒါကြောင့်လည်းသားငယ်ကိုကျွန်တော်ပုံပြီးချစ်ပေးခဲ့သည်။ဒီကလေးဒါတွေကိုနားလည်သည်။ဒါကြောင့်လည်းအဖေဖြစ်သည့်ကျွန်တော့်နဲ့နီးကပ်လှသည်မဟုတ်ပေမဲ့ကျွန်တော့်ကိုဂလန်ဂဆန်လုပ်ခြင်းမရှိခဲ့။ဒီကလေးမှာလည်းသွေးသားရင်းဆိုလို့ကျွန်တော်တစ်ယောက်သာရှိသည်မဟုတ်လား။
ကျွန်တော့်အမျိုးသမီးနဲ့ကွာရှင်းခဲ့ပေမဲ့ကျွန်တော်နောက်အိမ်ထောင်ထပ်မပြုခဲ့။ကျွန်တော့်အမျိုးသမီးကိုမုန်းလို့ကွာရှင်းခဲ့တာမှမဟုတ်ဘဲ။သားငယ်နဲ့ရေရှည်ဆက်ဆံရေးအဆင်မပြေနိုင်တာကိုသိလို့ကွာရှင်းခဲ့ကြတာ။ကျွန်တော့်ဘဝမှာကျွန်တော့်အမျိုးသမီးကတစ်ဦးတည်းသောမိန်းကလေးသာဖြစ်သည်။အခုတော့သူမရဲ့
နာရေးသတင်းကိုသာကြားသိရသည်။အဆင်ပြေပြေရှိမယ်ထင်ခဲ့ပေမဲ့အချိန်တိုတိုအတွင်းလောကကြီးကထွက်ခွာသွားခဲ့ပြီပေါ့။မင်းပျော်နိုင်မဲ့လမ်းကိုရွေးပေးခဲ့တာပါ။ဘာလို့မင်းကအားလုံးရဲ့အဝေးကိုအစောကြီးထွက်ခွာသွားရသလဲဟန်နီ။
အနားမှာမရှိပေးနိုင်ခဲ့တဲ့အတွက်အများကြီးတောင်းပန်ပါတယ် ဟန်နီ။သားကြီးကိုစိတ်ချလက်ချထားခဲ့ပြီးအေးချမ်းစွာအနားယူပါ ကိုယ်ချစ်ရတဲ့ဟန်နီရေ။

VOCÊ ESTÁ LENDO
Sung's Mine ( Completed )
Romanceမင်းကိုယ့်လက်ကလွတ်မြောက်ဖို့အတွက်ဆိုရင် ကိုယ်သေမှပဲရမယ် ... အဲ့တာကိုမြဲမြဲမှတ်ထား