13

653 79 3
                                    

" မင်းမျက်နှာကဘာဖြစ်နေတာလဲ၊ဘဲပစ်သွားတဲ့ရုပ်နဲ့ "

မနက်ကတည်းကဂျောင်ဝန်းမျက်နှာကရွှင်ပြခြင်းမရှိ။အမြဲတမ်းပေါက်ပေါက်ဖောက်သလိုစကားများနေတတ်တဲ့ကောင်ကဒီနေ့တစ်မနက်လုံးငြိမ်နေတော့ကိုယ်ကမနေတတ်တော့။ဘာမှမပြောဘဲကျွန်ဝောာ့်ကိုသာကြည့်ရင်းသက်ပြင်းတွေချနေတတ်သည်။အရင်ကဆိုဘာပဲပြောချင်ပြောချင်မတွေဝေတတ်တဲ့ကောင်ကဒီကနေ့ပုံမှန်မဟုတ်တာကလည်းထူးဆန်းနေသည်။

" ပြောစရာရှိတာပြောစမ်းပါ
အခုလိုငြိမ်နေတာကမင်းပုံစံမဟုတ်ဘူးနော် ဂျောင်ဝန်း "

" ဟင်း ...
ငါပြောသင့်မပြောသင့်စဉ်းစားနေတာပါကွာ "

သက်ပြင်းရှည်ကြီးကိုဆွဲချကာပြောရခက်နေပုံဖြင့်ဆိုလာသည်။

" ဘာစကားဖြစ်နေလို့အများကြီးစဉ်းစားနေရတာတုန်း၊
မင်းငါ့ကိုရည်းစားစကားပြောမလို့တော့မဟုတ်ဘူးမလား "

ကျွန်တော်အရွှန်းဖောက်ကာပြောလိုက်ပေမဲ့ဂျောင်ဝန်းကမရယ်ခဲ့။ထိုအစားသက်ပြင်းတစ်ခုကိုသာထပ်ကာချလာသည်။

" မင်း အကိုဆောင်းဟွန်းကိုမချစ်ချင်ဘူးမဟုတ်လား "

" မင်းကိုငါအဲ့အကြောင်းပြောပြထားပြီးပြီပဲလေ "

" အင်း မချစ်နဲ့တော့ "

" ဟာ ဘာဖြစ်ရပြန်တာတုန်း၊
အရင်ကတော့မင်းပဲငါ့ကိုအရောက်ပို့နေတာမဟုတ်ဘူးလား "

" အရင်ကဟုတ်တယ် အခု ...
ဟာ ငါဘယ်လိုပြောပြရမှန်းတောင်မသိတော့ဘူး "

စိတ်ရှုပ်သလိုဆံပင်တွေဆွဲဖွရင်း ဂျောင်ဝန်းကငြီးငြီးငြူငြူဆိုလာသည်။

ထိုနေ့ကကျွန်တော်နဲ့ဂျောင်ဝန်းထိုကိစ္စနဲ့ပတ်သက်ပြီးစကားထပ်မပြောဖြစ်ခဲ့ကြ။သေချာပေါက်ဂျောင်ဝန်းပြောမည့်စကားတွေကကောင်းနိုင်မည်တော့မဟုတ်။ကျွန်တော်ကိုယ်တိုင်လည်းပတ်ဆောင်းဟွန်းဟာလူကောင်းမဟုတ်မှန်းရိပ်မိနေ၏။ဒါပေမဲ့အခုအချိန်မှာကျွန်တော့်နှလုံးသားကထိုလူ့ကိုအလိုရှိနေမှန်းသေချာသလောက်ရှိနေတဲ့အနေအထားကိုရောက်ရှိနေပြီမို့နောက်ထပ်ထိုလူ၏ကောင်းခြင်းဆိုးခြင်းတွေကိုမသိချင်တော့။

Sung's Mine ( Completed )Where stories live. Discover now