ကျောင်းပိတ်ရက်ဖြစ်လို့ဒီနေ့အိမ်မှာသာသောင်တင်နေသည်။လုပ်စရာဘာမှမရှိတာမို့ ဂျောင်ဝးန်ကိုအိမ်လာရန်ဖုန်းဆက်ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။အနည်းဆုံးတော့အိမ်မှာဂျောင်ဝန်းနဲ့အတူ TV ကြည့်မုန့်စားလို့ရသည်မဟုတ်လား။အပြင်လည်းထွက်ပြီးလျှောက်မလည်ချင်တာမို့အခုအစီအစဉ်ကပဲအဆင်ပြေပါသည်။
ဖုန်းကဝင်နေပေမဲ့ထုံစံအတိုင်းတော်တော်နဲ့မကိုင်။ဖုန်းကျခါနီးမှကိုင်လာသည်။
" ဟယ်လို ဂျောင်ဝန်း "
"[ ပြောစေ] "
" အားရင်အိမ်လာခဲ့၊ငါပျင်းနေလို့ "
"[ ပျင်းရင် မင်းယောက်ျားနဲ့ကစားပေါ့] "
" ဘောကိုမင်းယောက်ျားလား "
"[ မဟုတ်ဘူးလားပြော ]"
" လာမှာလားမလာဘူးလား "
" [ လာပါ့မယ်၊စိတ်ကြီးပဲ အနူးလေးက ] "
ထိုသို့ပြောင်စပ်စပ်ပြောကာဖုန်းချသွားသည်။ဂျောင်ဝန်း ရောက်လာတဲ့အခါမုန့်စားဖို့မရှိတဲ့အတွက်အိမ်နဲ့သိပ်မဝေးသည့် mini mark တစ်ခုကိုသွားရန်ပြင်လိုက်သည်။ပိုက်ဆံအိတ်နဲ့စက်ဘီးသော့ကိုကောက်ကိုင်ကာအခန်းထဲကထွက်ခဲ့သည်။အိမ်ရှေ့ရောက်တော့ဟိုလူနဲ့တန်းတိုးသည်။မမြင်ချင်ပေမဲ့ဒီအိမ်မှာသူနဲ့ကိုယ်သာရှိတဲ့အတွက်မြင်နေရ၏။
ထိုလူ့ကိုတစ်ချက်သာအကဲခတ်ပြီးစက်ဘီးကိုတွန်းကာခြံထဲကထွက်မယ်အလုပ်ထိုလူ့လက်ထဲရှိအရာတစ်ခုကြောင့်ကျွန်တော့်ခြေလှမ်းတို့အနည်းငယ်တုံ့နှေးသွားသည်။ထိုလူ့လက်တစ်ဖက်မှာကိုင်ထားသည့်အရာက Skate board တစ်ခု။ထိုလူက skate စီးပြီးပြန်လာပုံရသည်။ဒူးနဲ့တံတောင်တို့မှာအကာအကွယ်များဝတ်ဆင်ထားသည်။ထိုလူ့ပုံစံကအခုမှ
Skate စီးသင်နေသည့်သူလိုမျိုး။စိတ်ထဲဇဝဇဝါဖြစ်နေခြင်းတို့အားခေါင်းရမ်းထုတ်ကာထိုလူ့ရှေ့မှထွက်လာခဲ့သည်။ကိုယ့်ကိုယ်လည်းစိတ်ပျက်မိသည်။ဘာကြောင့်ဒီလူကို ကိုကိုနဲ့သွားယှဉ်နေမိမှန်းလဲမသိ။ဘယ်နေရာမှတူမနေဝာာကိုထင်ယောင်ထင်မှားဖြစ်နေခြင်းအားစိတ်ပျက်မိတာအမှန်။
YOU ARE READING
Sung's Mine ( Completed )
Romanceမင်းကိုယ့်လက်ကလွတ်မြောက်ဖို့အတွက်ဆိုရင် ကိုယ်သေမှပဲရမယ် ... အဲ့တာကိုမြဲမြဲမှတ်ထား