ကောင်လေးကိုစောင့်မနေရန်ပြောခဲ့ပေမဲ့ ထိုနေရာသို့နောက်ထပ်သွားချင်နေသည့်စိတ်တို့ကတမြေ့မြေ့ဖြစ်ပေါ်လျက်။ကိုယ်ရောက်သွားပြီးမှဟိုကောင်လေးကရှိမနေရင်ဘယ်လိုလုပ်မလဲ။ဒါပေမဲ့ အမှတ်မရှိသည့်ကောင်လေးက
ဆောန်းဟွန်းကိုတောင် 7ရက်တိတိမလာမချင်းစောင့်နေခဲ့တယ်မဟုတ်လား။ကိုယ့်ကိုလည်းစောင့်နေနိုင်လောက်မယ်လို့လည်းစိတ်ထဲထင်နေမိသည်။သွားမယ်မသွားဘူးလို့စိတ်ထဲတွေဝေးနေ၍အခန်းထဲမှာထိုင်နေမိသည်မှာ 15မိနစ်လောက်ရှိနေပြီ။နောက်ဆုံးစိတ်ဒုံးဒုံးချကာသွားရန်သာဆုံးဖြတ်လိုက်သည်။မသွားဖြစ်ခဲ့ရင်တော့ဒီနေ့အဖို့နေမထိထိုင်မသာဖြစ်နေမိမှာအသေအချာပင်။မှန်ရှေ့သို့သွားကာကြေးမုံမှန်အတွင်းရှိကိုယ့်မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။ကျွန်တော့်မျက်နှာက နှာရိုးဘေးရှိမှဲ့တစ်လုံးကလွဲရင်ကျန်တာအားလုံး ဆောန်းဟွန်းနှင့်ချွတ်ဆွတ်တူ၏။ဟိုကောင်လေးမှားမယ်ဆိုရင်လည်းမှားနိုင်လောက်ပါသည်။မျက်နှာပေါ်ရှိမှဲ့ကိုဖုံးအုပ်စေနိုင်သည့်အနာကပ်ပလာစတာတစ်ခုကိုကပ်ကာမှန်ရှေ့မှကွာကာအခန်းအပြင်သို့ထွက်လာခဲ့သည်။
အိမ်မှာလူတွေရှုပ်နေသည်။ဒယ်ဒီလည်းကျွန်တော့်ကိုဂရုမစိုက်အား။သူ့သားနာရေးအတွက်လုံးပန်းနေရသည်မှာ ဒယ်ဒီနားချိန်မရ။လူတွေရှုပ်နေသည့်အိမ်မှကျွန်တော်တိတ်ဆိတ်စွာပင်ထွက်လာခဲ့သည်။လမ်းတလျှောက်မြင်နေရသည့်ရှူခင်းများကမနေ့ကထက်ပိုလှနေသလို။ပုစွန်ဆီရောင်သန်းနေသည့်နေလုံးကြီးကအနောက်အရပ်သို့ဝင်ရောက်အိပ်စက်ရန်ဟန်တပြင်ပြင်။မကြာခင် basketball ကွင်းသို့ကျွန်တော်ရောက်လာခဲ့သည်။မနေ့ကထက်အနည်းငယ်ပိုနောက်ကျစွာရောက်ရှိခဲ့ခြင်းလည်းဖြစ်၏။
Basketball ကွင်းအတွင်းလူတစ်ယောက်မှမရှိ။ဟိုကောင်လေးကျွန်တော့်ကိုစောင့်မနေခဲ့ဘူးပဲ။မျှော်လင့်ချက်တွေနဲ့လာခဲ့ပေမဲ့ရလဒ်ကစိတ်ပျက်ဖွယ်အတိ။သို့ပေမဲ့ လူရှုပ်နေသည့်အိမ်ကိုကျွန်တော်မပြန်ချင်သေး။Basketball ကွင်းတွင်ခဏနေရန်ဆုံးဖြတ်လိုက်သည်။ထိုင်ခုံတန်းပေါ်ကျွန်တော်ယူဆောင်လာသည့် skate board ကိုချကာ
မျက်လုံးတွေမှိတ်ရင်းဆိတ်ငြိမ်ခြင်းရဲ့အရသာကိုခံစားနေလိုက်သည်။နားစည်အတွင်းဝင်ရောက်လာသည့်ခြေသံသေးသေးလေးက ရင်ခုန်သံကိုမြန်စေခဲ့သလိုမျက်နှာထက်အပြုံးတွေကိုလည်းဖြစ်ပေါ်စေခဲ့သည်။
YOU ARE READING
Sung's Mine ( Completed )
Romanceမင်းကိုယ့်လက်ကလွတ်မြောက်ဖို့အတွက်ဆိုရင် ကိုယ်သေမှပဲရမယ် ... အဲ့တာကိုမြဲမြဲမှတ်ထား