ပြတင်းလိုက်ကာတွေဖွင့်လိုက်သည်နှင့်မနက်ခင်းနေရောင်ခြည်နုနုက ကောင်လေး၏မျက်နှာနုနုပေါ်သို့ဖြာလျက်ကျဆင်းသွားသည်။မျက်ခုံးတန်းလေးတွေစုကျုံ့သွားသောကောင်လေးကမျက်လုံးလေးတွေနေရောင်စူးသွားသည်ထင်လက်ကလေးနှင့်ကာလာသည်။ကောင်လေး၏လှုပ်ရှားမှုမှန်သမျှကိုကျွန်တော်ငေးရင်းမနက်ခင်းတစ်ခုကိုဖြတ်သန်းဖြစ်ခဲ့၏။
" ဘယ်နှနာရီရှိပြီလဲ "
အပျင်းကြောဆန့်ကာသန်းဝေရင်းကောင်လေးကမေးလာသည်။ချစ်စရာကောင်းနေသည့်ကောင်လေးကိုကြည့်ရင်းအသည်းယားလာတာကြောင့်ကောင်လေးရှိရာကုတင်ဆီအပြေးသွားကာပါးဖောင်းကြီးနှစ်ဖက်ကိုအကြိမ်ကြိမ်နမ်းပစ်လိုက်သည်။
" ဟာ ဘယ်နှရာရီရှိပြီလဲမေးတာလေဗျာ ၊
အင်း ပတ်ဆောင်းဟွန်းဝောာ်ပြီလေ အွန့် ခင်ဗျား၊တော်တော့်လို့ပြောနေတယ်လေ "ရင်ဘတ်ကိုကောင်လေး၏လက်ကလေးတွေအတင်းတွန်းထိုးလာမှကျွန်တော်ရပ်လိုက်မိသည်။ကောင်လေးကအသက်ရှူကျပ်သွားပုံဖြင့်အသက်ကိုအသည်းသန်ရှူထုတ်နေသည်။
" ချစ်စရာကောင်းတယ် ကောင်လေး "
လုပ်နေပုံလေးကထပ်ပြီးနမ်းပစ်ချင်စရာကောင်းနေပေမဲ့ထပ်သာနမ်းခဲ့ရင်ကောင်လေးဒီထက်ပိုစိတ်ဆိုးသွားနိုင်သည်။ဒါကြောင့်အသည်းတယားယားဖြင့်သာငေးကြည့်နေလိုက်သည်။
" ခင်ဗျားဟာလေ အတင်းပဲ၊
ဒီမှာအသက်ရှူကျပ်လို့သေဝောာ့မယ် "ကိုယ်ကသာမကျေမချမ်းပြောနေပေမဲ့သူကတော့ပန်းနဲ့ပေါက်နေသလားမှတ်ရအောင်ပြုံးပြုံးကြီးထိုင်ကြည့်နေလေသည်။အကြည့်ကိုလွှဲမသွားပဲဒီတိုင်းကြီးထိုင်ကြည့်နေတော့ကိုာ်ကရှက်လာရသည်။
ဒါကြောင့်အိပ်ယာပေါ်ကပြေးဆင်းကာရေချိုးခန်းထဲသို့ဝင်လာခဲ့သည်။သူနဲ့ကိုယ်ကအိမ်ထောင်ဖက်တွေဖြစ်ကြပေမဲ့အခုလိုကြင်ကြင်နာနာနီးနီးကပ်ကပ်နေခဲ့ဖူးသည်ကမရှိသလောက်ဆိုတော့သူ့အကြည့်တွေကိုကျွန်တော်ကြာကြာရင်မဆိုင်နိုင်သေး။အခုန်မြန်နေသောရင်ဘတ်ကိုဖိကာ ရင်ခုန်သံအားမှန်အောင်မနည်းကြိုးစားနေရသည်။မှန်ထဲမှာမြင်နေရသည့်ကျွန်တော့်မျက်နှာတစ်ခုလုံးရဲနေကာနားနှစ်ဖက်မှာလည်းရှက်စိတ်ကြောင့်ရဲရဲနီနေ၏။
YOU ARE READING
Sung's Mine ( Completed )
Romanceမင်းကိုယ့်လက်ကလွတ်မြောက်ဖို့အတွက်ဆိုရင် ကိုယ်သေမှပဲရမယ် ... အဲ့တာကိုမြဲမြဲမှတ်ထား