လက်ထဲမှဆုပ်ကိုင်ထားသည့်ဆေးဘူးကိုအံဆွဲထဲပြန်ထည့်ကာအခန်းထဲမှထွက်ရန်ပြင်လိုက်သည်။ကုတင်ဘေးအနီးလဲကျနေသည့် ဆောန်းဟွန်းကိုတစ်ချက်ကြည့်ကာမဲ့ပြုံးတစ်ချက်ပြုံးရင်းအခန်းထဲမှထွက်လာခဲ့သည်။
ဒီနေ့ပထမဆုံးအိမ်၏အပြင်ဘက်သို့ထွက်ခြင်းပင်။မြန်မာနိုင်ငံပြန်ရောက်ပြီးကတည်းကအိမ်ထဲမှာသာတိတ်ဆိတ်စွာနေခြင်းဖြင့်ကုန်ဆုံးခဲ့ခြင်းမှာ 7ရက်တိတိ။ဒီနေ့တော့အိမ်မှာလည်းမရှိချင်သလိုမကြာခင်မြင်ရဝောာ့မည့်ဒယ်ဒီ့ရဲ့ပုံစံကိုလည်းမကြည့်ချင်။
အိမ်မှထွက်လာခဲ့ပြီး15မိနစ်လောက်အကြာမှာ basketball ဆော့ရာကွင်းကျယ်တစ်ခုကိုမြင်လိုကိရသည်။ထိုကွင်းကျယ်ကြီးရှိရာဆီသို့ကျွန်တော့်ခြေလှမ်းတို့ကိုလှမ်းလိုက်သည်။ညနေစောင်းဖြစ်တဲ့အတွက်အနောက်အရပ်သို့ဝင်ရောက်ပျောက်ကွယ်ရန်ဟန်ပြင်နေသည့်နေလုံးကြီး၏ပုစွန်ဆီရောင်အလှကဒီနေ့တော့လှပနေသလိုခံစားလိုက်ရသည်။လက်ထဲမှာကိုင်လာသည့် skate board ကိုချကာ ကွင်းကျယ်ကြီးတစ်နေရာရှိထိုင်ခုံတန်းတစ်ခုမှာကျွန်တော်ဝင်ထိုင်လိုက်သည်။
ဒီအချိန်ဆိုဒယ်ဒီတို့အလုပ်ရှုပ်နေလောက်ကြရောပေါ့။တွေးမိရင်းမဲ့ပြုံးတစ်ချက်ကဖြစ်ပေါ်လာပြန်သည်။ကျွန်တော့်အတွက်အပြုံးဆိုသည့်အရာကချိုမြိန်သည့်အသွင်မဆောင်ခဲ့သည်မှာကြာခဲ့ပြီ။ကျွန်တော့်ဘဝမှာမိစ္ဆာတစ်ယောက်လိုကြောက်စရာကောင်းသည့်အပြုံးတွေကသာဝင်ရောက်ကိန်းအောင်းနေခဲ့သည်မှာ မြန်မာပြည်ကထွက်သွားပြီးကတည်းကပင်။
တမလွန်ကမာမီကတော့သူ့သားလေးသူ့ဆီရောက်လာပြီမို့ပျော်နေပြီလား၊ဒါမှမဟုတ်သူ့သားလေးကို ကျွန်တော်အဆုံးသတ်ပေးလိုက်လို့ကျွန်တော့်ကိုဒေါသထွက်နေမလား။
မာမီ့စကားတွေမှန်ကန်အောင်ကျွန်တော်ကပါရမီဖြည့်ပေးလိုက်ရုံပါ။တမလွန်ကနေမာမီ့သားအတွက်ထပ်ပြီးစိတ်ပူစရာမလိုတော့ဘူးပေါ့မာမီရာ။လူတစ်ယောက်မှမရှိသည့်ထိုနေရာကတိတ်ဆိတ်နေသည်။တိတ်ဆိတ်ခြင်းကကျွန်တော်ပျော်မွေ့တဲ့အချင်းအရာဖြစ်တာမို့ပျော်နေခြင်းမဟုတ်ရင်တောင်စိတ်ရှုပ်ခြင်းကင်းတဲ့အတွက်အခု ဒီနေရာမှာကျွန်တော်ရှိနေခြင်းအတွက်ကျွန်တော်ကျေနပ်သည်။ခုံတန်းအမှီကိုနောက်လှန်ချ၍မှီကာမျက်လုံးတွေကိုပိတ်ရင်းကျွန်တော်သဘောငျရသည့်တိတ်ဆိတ်ခြင်းဆိုတဲ့အရသာကိုခံစားနေမိသည်။ထိုအချိန်တွင်ခြေသံတစ်ခုကကျွန်တော့်အတွက်စိတ်ရှုပ်စရာတစ်ခုနှယ်နားစည်ထဲကိုထိုးဖောက်ဝင်ရောက်လာသည်။
YOU ARE READING
Sung's Mine ( Completed )
Romanceမင်းကိုယ့်လက်ကလွတ်မြောက်ဖို့အတွက်ဆိုရင် ကိုယ်သေမှပဲရမယ် ... အဲ့တာကိုမြဲမြဲမှတ်ထား