8

836 84 0
                                    

ဂျောင်ဝန်းကိုပြန်ပို့ပေးပြီးတဲ့အခါအိမ်ပြန်လမ်းတလျှောက်မီးရောင်လေးတွေပင်လင်းနေခဲ့ပြီ။မျက်နှာကြီးတည်ကာကားမောင်းနေသူဘေးထိုင်လိုက်လာရသည်မှာအသက်ပင်မရှူရဲ။အခုလိုဒေါသထွက်ထိုးကြိတ်တာမျိုးကိုပထမဆုံးမြင်ဖူးတာဆိုတော့အနည်းငယ်ရှိန်မိတာတော့အမှန်။ကိုယ့်ရှေ့ဆို သူ့မျက်ဝန်းတွေကအမြဲနူးညံ့နေတတ်တာမို့အခုပုံစံကတခြားသူတစ်ယောက်လိုပြောင်းသွားစေသည်။အိမ်ပြန်ရောက်သည်အထိသူလည်းစကားတစ်ခွန်းမှမပြောသလို ကျွန်တော်ကိုယ်တိုင်လည်းဘာစကားတစ်ခွန်းမှပြောချင်စိတ်မရှိ။

" ဆေးလိမ်းရအောင် "

ကျွန်တော်ရေချိုးခန်းကထွက်လာခြင်းပင်သူပြောလာသည့်စကား။ကိုယ်တောင်ဘာမှမဖြစ်ဘူးသူကအကဲလာပိုနေတယ်။

" တော်ပြီ ဒီလောက်ကဘာဖြစ်မှာလဲ "

မှန်ကိုကြည့်ကာခေါင်းသုတ်နေရင်းသူ့ကိုအလိုမကျသလိုပြောလိုက်သည်။ကိုယ့်စကားဆုံးသွားသည်နှင့်သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရသည်။

" မနက်ကျရင်တစ်ကိုယ်လုံးကိုက်ခဲနေလိမ့်မယ် "

" ဘာမှမဖြစ်ဘူး "

" လာပါ "

ကုတင်ပေါ်တက်ရန်ပြင်နေသည့်ကျွန်တော့်ဘေးသို့ချက်ချင်းရောက်လာကာလက်ကောက်ဝတ်ကိုဆွဲယူသည်။

" ခင်ဗျား "

" ငြိမ်ငြိမ်နေ ကောင်လေး "

ထိုလူရဲ့ ကောင်လေး ဆိုတဲ့စကားတစ်ခွန်းနဲ့တင်နာခံချင်စိတ်တို့ကအလုံးအရင်းဝင်လာသည်။ကိုကို့စကားသံတစ်ခုကပဲကျွန်တော့်ကိုလွှမ်းမိုးနိုင်မယ်ထင်ခဲ့တာ။

စိတ်ထဲသိပ်အလိုမကျပေမဲ့ကျွန်တော်ငြိမ်နေလိုက်သည်။ကျွန်တော့်လက်ကိုညှင်ညှင်သာသာဆွဲယူပုံကအစနူးညံ့နေသည်။လက်ကောက်ဝတ်ရှိအနည်းငယ်ရဲနေသည့်နေရာအားညှင်သာစွာဆေးပူကိုသုတ်လိမ်းပေးနေသည်။ခေါင်းငုံ့ကာလိမ်းပေးနေခြင်းဖြစ်တာကြောင့်ဒီလူရဲ့မျက်နှာကိုကျွန်တော်အပေါ်စီးမှမြင်နေရသည်။

နှဖူးပြင်ထက်တစ်နှစ်စကျနေသည့်ဆံနွယ်တချို့။လှပဆင်းကော့နေသည့်နှာတံ။ပိရိသေသပ်ကာကြည့်ကောင်းသည့်နှုတ်ခမ်းတစ်စုံ။မထူမပါးမျက်ခုံးတန်းတို့ကလည်းယောက်ျားဆန်လွန်းသည်။နောက်ထပ်ဒီလူရဲ့ဆွဲဆောင်မှုရှိတဲ့နေရာကတော့နှာရိုးလေးရဲ့ဘယ်ဘက်မှာရှိနေသည့်မှဲ့နက်လေးတစ်လုံး။တစ်ခုချင်းစီအသေးစိတ်လိုက်ကြည့်မိတဲ့အခါ ကိုကိုနဲ့ခပ်ဆင်ဆင်တူပေမဲ့ မှဲ့နက်လေးကတော့ထူးခြားစွာကွဲလွဲနေခဲ့သည်။

Sung's Mine ( Completed )Onde histórias criam vida. Descubra agora