||4||

19.7K 1.6K 57
                                    

(Zawgyi)

||4||

သုံးရက်မြောက်နေ့တွင် လူးကပ်၏ပန်းဖျော့ရောင်
သန်းသောမျက်ခွံလေးများလှုပ်ခတ်ကာနိုးထလာရ
၏။ တန်ဖိုးကြီးအသုံးအဆောင်များနှင့်ပြည့်နေသည့်
အခန်းထဲရှိအိပ်ရာကြီးပေါ်တွင်ဖြစ်၏။

အဖြူရောင်တော်ဝင်အိပ်ရာကြီးက အိစက်ကာသက်
တောင့်သက်သာဖြစ်နေသည့်တိုင် လူးကပ်ကိုစိတ်မ
သက်မသာဖြစ်စေ၏။ လူးကပ်အောက်နှုတ်ခမ်းလေး
ကိုက်ကာမျက်ရည် များရစ်သိုင်းလာရ၏။

လူးကပ်ကိုယ်မှ ဆေးနံ့ဖျော့ဖျော့ရနေ၏။ ဒါကြောင့်
လည်း သိပ်မနာကျင်တော့ခြင်းဖြစ်မည်။ သို့သော်
လှုပ်ရှားရ အဆင်မပြေတော့ဖြစ်နေဆဲပင်။

လူးကပ်လည်ချောင်းများခြောက်ကပ်ကာရေဆာနေ
သောကြောင့် ကုတင်ဘေးမှကရားကိုလက်လှမ်းမိ၏။
အားမရှိသောကိုယ်ကြောင့် အတော်ပင်အားစိုက်ရ၏။

ခုံပေါ်မှပြစ်ကျသွားသည့် ရေထည့်ထားသည့်ရွှေရောင်
ကရားကြောင့် လူးကပ်လန့်ကာမျက်လုံးမှိတ်လိုက်ပြီး
ကရားနှင့်ကြမ်းပြင်ထိခတ်မည့်အသံကိုစောင့်နေသော်
လည်း ဘာသံမှထွက်မလာသောကြောင့် ကြည့်လိုက်
တော့ ရွှေရောင်ကရားကိုကိုင်ကာ ရပ်နေသောမြို့
တော်ဝန်။ ခပ်မတ်မတ်ရပ်နေသူက လူးကပ်ကိုယ်ကို
စစ်ဆေးသလို ကြည့်နေသေး၏။

"သတိရလာပြီဘဲ နေလို့မကောင်းတဲ့နေရာရှိလား?"

မြို့တော်ဝန်က မေးမြန်းလာသော်လည်း လူးကပ်မှာ
ပြန်ဖြေရန်အားမရှိနေ။ ထို့ကြောင့် ကြိုးစားကာပြော
လိုက်၏။

"ရ ရေ.."

"ဪ ရေသောက်ချင်တာလား"

လူးကပ်ခေါင်းငြိမ့်လိုက်တော့ မြို့တော်ဝန်ကအနားကို
တိုးလာသောကြောင့် လူးကပ်ကိုယ်လေးကိုကြုံ့ထားမိ
၏။ မြို့တော်ဝန်က မျက်မှောင်ကြုတ်သွားသော်လည်း
ဘာမှတော့မပြော လူးကပ်ကိုကျောမှထူမကသူကအိပ်
ရာပေါ်ဝင်ထိုင်ပြီးမှ သူ့ကိုမှီထားစေ၏။

ပြီးမှလူးကပ်ကိုရေတိုက်လာ၏။ အေးမြသောရေဝင်
လာသောကြောင့် ခြောက်ကပ်နေသောလည်ချောင်း
များ စိုစွတ်သွားပြီး လူးကပ်​နေသာထိုင်သာရှိသွားရ
၏။ မြို့တော်ဝန်က လူးကပ်၏ငွေရောင်ဆံပင်များကို
ကိုင်ကာ စိတ်ဝင်တစားကြည့်နေ၏။ လူးကပ်ခေါင်း
လေးစောင်းကာရှောင်လိုက်တော့မှ ရပ်သွား၏။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Where stories live. Discover now