||12|| U

13.7K 1.2K 44
                                    

(Unicode)

||12||
(အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်)

"ဟင့်! မြို့တော်ဝန်"

လူးကပ် မြို့တော်ဝန် အိမ်တော်ထဲမှနှင်းဆီဥယျာဉ်ထဲ
တွင်ထိုင်နေစဉ် ရုတ်တရက်ဆန်စွာ နောက်မှသိုင်းဖက်
လာသောမြို့တော်ဝန်ကြောင့် အသံလေးပင်ထွက်သွား
ရ၏။

လူးကပ်ရေဆေးအနည်းငယ်ယူကာ အဖြူရောင်ကား
ချပ်ပေါ်တွင်စုတ်ချက်တစ်ချို့ဖြစ်စေလိုက်၏။ လူးကပ်
က အားလပ်ချိန်တစ်ချို့တွင်ပန်းချီဆွဲရတာကြိုက်သော
ကြောင့်မြို့တော်ဝန်က ပန်းချီပစ္စည်းများအပြည့်အစုံ
ဝယ်ပေးထားခြင်းဖြစ်၏။

"လူးကပ်"

မြို့တော်ဝန် ခေါ်လိုက်တော့ကောင်လေးကပြန်မထူး
သော်လည်း ခေါင်းလေးစောင်းကာပင်လယ်ပြာမျက်ဝန်း
လေးများဖြင့်ကြည့်လာ၏။

"ဘာမှမဖြစ်ဘူး ဒီတိုင်းခေါ်ချင်လာလို့။ မင်းကိုဖက်ထား
နိုင်တယ်ကောင်းလိုက်တာ။ အမြဲတမ်းဒီလိုလေးရှိနေစေ
ဖို့ ဘုရားသခင်ကိုဆုတောင်းတယ်"

မြို့တော်ဝန်က ဆက်ပြော၏။

"ကျုပ်လိုလူကလေ ဘုရားသခင်ဆီမှာဘယ်သောအခါမှ
ဆုတောင်းတာမျိုးမလုပ်ဖူးဘူး။ ကျုပ်စစ်ပွဲမှာသေလုမြော
ပါးဖြစ်နေတုန်းကတောင် ဆုမတောင်းခဲ့ဖူးဘူး။ မင်းကို
တွေ့တော့ ကျုပ်ဆုတောင်းတွေဆက်လာတယ်။ ဒီလူ
ကိုခေါ်ထားချင်တယ်။ ပိုင်ချင်တယ်။ ကျုပ်လူဖြစ်စေ
ချင်တယ်။ အတူအိုမင်းသွားချင်တယ်။ ထူးဆန်းတယ်
မလား ကျုပ်ကိုယ်ကျုပ်လဲမယုံနိုင်ဘူး"

သူကောင်လေး၏ပါးလေးကိုညစ်လိုက်၏။

"ကျုပ်ပြောချင်တာက ဘုရားသခင်ကကျုပ်ဆုတောင်း
တွေကြောင့် နားငြီးတယ်ဆိုပြီး အပြစ်ပေးရင်မင်းလဲ
တူတူဆပ်ပေးရမယ်နော်.. ဟုတ်ပြီလား။ ဟားး..
ဘာပုံလေးလဲကွာ ကျုပ်ကိုပြူးကြည့်နေတာ"

မြို့တော်ဝန် ပန်းချီဆေးများပေတူးနေသော လူးကပ်ကို
ရင်ခွင်ထဲထည့်ကာ ကျယ်လောင်စွာအော်ရီမိတော့၏။
ကောင်လေး၏လက်ကလေးကတော့ မြို့တော်ဝန်၏
ရင်ဘတ်နားအကျႌစကို အလိုအလျောက်တုန့်ပြန်သလို
ဆုပ်ကိုင်ထားလေ၏။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Où les histoires vivent. Découvrez maintenant