(Unicode)
Extra-2
(အကျွန်ုပ်၏ချစ်လှစွာသောမြို့တော်ဝန်)
"ဒါဘာလဲ"
"စပျစ်သီးပိုင်မုန့်ပါမြို့တော်ဝန်"
"ရိုင်းစိုင်းလိုက်တာ ဒီမည်းမည်းနဲ့အရာက ကျုပ်အရမ်းနှစ်သက်တဲ့စပျစ်သီးပိုင်မုန့်လို့ ပြောလိုက်တာလား။ သေချာလဲ ကြည့်ပါဦး..ဒါကလူစားတဲ့ဟာလို့ ပြောရဲသေးတာလား"
ရွှေရောင်သန်းဖို့ဝေးစွ.. ပိုင်မုန့်မျက်နှာပြင်သည် မည်းချိတ်နေကာအတွင်းမှ စပျစ်သီးအမည်ခံသည်တို့သည်လည်း ကြည့်လိုက်လျှင်ပင်အစာအဆိပ်သင့်မည်ဟူသော ခံစားချက်ကိုပေးနေသည်။
ထို့ပြင် ရွှေရောင်ပန်းကန်ပေါ်တွင် မညီမညာလှီးဖြတ်ကာထည့်ထားသည်က နည်းနည်းမှပင်မအပ်စပ်။ ဤသို့သောမုန့်ကို သူ့လို ရီကန်ဒီယာကိုအစိုးရသောသခင်ဟာ ကျွေးသည်က အတင့်ရဲလွန်းပါ၏။
ဒီမြို့တော်ဝန်၏ခေါင်းဖြင့်အာမခံသည်.. ဤဆိုးဝါးလှသော လူစားသည့်အရာမဟုတ်သည့်မုန့်ကို ရီကန်ဒီယာမြို့ရှိ ခွေးပင် စားမည်မဟုတ်ပေ။ တွေးရင်ပိုဒေါသထွက်လာတာကြောင့် စားပွဲခုံကို လက်ဖဝါးဖြင့် ခပ်ပြင်းပြင်း ရိုက်ပြစ်လိုက်သည်။
အိမ်တော်မှစားတော်ကဲများကိုတော့သူအပြစ်ပေးမှဖြစ်တော့မည်။မြို့တော်ဝန်စားတော်ကဲများအကုန်ကိုခေါ်လာဖို့ပြောရန်ပြင်လိုက်စဉ်...
"ဟင့်! မြို့တော်ဝန်"
ထွက်ပေါ်လာသော ရှိုက်သံတိုးတိုးလေး..။ ချစ်ရသော သခင်ငယ်လေး ၏ပင်လယ်ပြာလို မျက်ဝန်းလေးများမှ ရေကြည်များဝေ့သီလာသော အခါ ရီကန်ဒီယာအရှင်သခင်မှာ အစောကဒေါသထွက်နေသည်ပင် မေ့ကာ ပြူးပြူးပြာပြာ ဖြစ်ရတော့သည်။
ခုံမှချက်ချင်းပင်ထကာ နူးညံ့သောပိန်သွယ်သွယ်ကိုယ်လေးကို ပွေ့ပိုက်လိုက်သည်။
"လူးကပ် ဘာလို့ငိုနေတာလဲ။ကျုပ်ကိုပြော..လူးကပ်ကိုငိုအောင်လုပ်တဲ့သူကို ကျုပ်အခုချက်ချင်းအပြစ်ပေးလိုက်မယ်!"
လူးကပ်ကမပြော..။ နီမြန်းသောသူ၏နှုတ်ခမ်းလေးကို ဖိကိုက်ထားကာ ပင်လယ်ပြာလို မျက်လုံးများက မြို့တော်ဝန်ကိုမော့ကာကြည့်ရင်း မျက်ရည်ဥကြီးများက တလိမ့်လိမ့်နေအောင်ကျဆင်းနေသည်။
YOU ARE READING
အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]
Romanceနှလုံးသားနယ်မြေမှလှိုက်လှဲစွာကြိုဆိုပါ၏။ နှလုံးသားနယ်မြေမှလှိုက်လှဲစွာကြိုဆိုပါ၏။ For birthday girl♥