||8|| U

14.8K 1.3K 35
                                    

(Unicode)

||8||
အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်

"မင်းဒါဘာလုပ်နေတာလဲလူးကပ်"

"မြို့..မြို့တော်ဝန်"

လူးကပ်မြေပေါ်သို့ပင် ထိုင်ရက်သားလေး လဲကျသွား
ရ၏။ သူကြာလာလျှင်မြို့တော်ဝန်ကို သဘောကျလာ
မိမည်စိုးသောကြောင့် လူးကပ်သူ့ကို အချိန်အတော်
ကြာ လုံခြုံနွေးထွေးစေခဲ့သော မြို့တော်ဝန်အိမ်တော်
မှထွက်သွားရန်ဆုံးဖြတ်ခဲ့၏။

ထိုဆုံးဖြတ်ချက်ကို ချမိစဉ်ကလူးကပ်၏ နှလုံးသားများ
လည်းကွဲအက်နေရပါ၏။ သို့သော် လူးကပ်လုပ်မှကိုဖြစ်
မည်။ သူထပ်ပြီးသူချစ်သော သူများ၏စွန့်ပြစ်မှုကိုမခံနိုင်
တော့ပါ။

စွန့်ပြစ်ခံရသော ခံစားချက်က နာကျင်စရာကောင်း
လွန်း၏။ လူးကပ်သည်သူကိုယ်တိုင်မသိခင်မှာပင်သူ့
ကိုချစ်သောသူအပေါ်တွင်တော့ သူမုန်းသည့်လုပ်ရပ်
ကိုကျူးလွန်နေမိသည်ကို သတိမထားမိခဲ့ပေ။

လူးကပ်မြို့တော်ဝန် အလုပ်များနေသော အချိန်ကို
စောင့်ကာ အခွင့်ကောင်းယူပြီး ထွက်ပြေးလာခဲ့၏။
မဟုတ်ပါက မြို့တော်ဝန်က လူးကပ်အနားတွင်အမြဲ
ရှိနေသူမို့ လူးကပ် ထွက်ပြေးနိုင်မည်မဟုတ်ပေ။

ရီကန်ဒီယာမြို့တော်၏ အရှင်သခင်လက်မှလွတ်
မြောက်ရန်မှာ ရီကန်ဒီယာမြို့တော်မှ ထွက်သွားရန်
သာရှိ၏။ လူးကပ် အထုတ်အပိုးအမြန်ပြင်ကာအိမ်တော်
မှသူများကိုတော့ သူမြို့ထဲခဏသွားမည် ဟုသာပြော
ခဲ့၏။ မြို့တော်ဝန်က အိမ်တော်မှ သူများကို လူးကပ်
စကားနာခံရန် ပြောထားသောကြောင့် လူးကပ်တွင်
အခက်အခဲကြီးကြီးမားမားမရှိပေ။

မြို့တော်ဂိတ်တံခါးဝကို ကျော်ဖြတ်ခါနီးတွင် လူးကပ်
အတော်ကိုစိတ်လှုပ်ရှားနေခဲ့၏။ သူဒီဂိတ်တံခါးကို
ကျော်ဖြတ်ပြီးတာနဲ့ ရီကန်ဒီယာမှလွတ်မြောက်ပြီဖြစ်
ပြီး မြို့တော်ဝန်ကိုလည်း မေ့ထားနိုင်တော့မည်။

သို့သော်လူးကပ်မမျှော်လင့်ထားသည်က မေးရိုးများ
ထင်းထင်းထသည်အထိ အံကြိတ်ထားသောမြို့တော်ဝန်
ကလူးကပ်ကို မဲ့ပြုံးတစ်ခုဖြင့်ကြည့်နေခဲ့သည်ကိုပင်။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Donde viven las historias. Descúbrelo ahora