||6|| U

17.5K 1.4K 59
                                    

(Unicode)

||6||
(အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်)

"မင်းဘာပြောလိုက်တယ်"

အထက်တန်းလွှာပုံစံဝတ်ထားသောလူကြီးသည်
မယုံကြည်နိုင်မှုအပြည့်ဖြင့်ရေရွတ်လိုက်တယ်။။
ဒီတပ်သားကတံတားကိုဖြတ်သန်းတဲ့အတွက်ဆိုပြီး
သူ့စီကအခွန်လာကောက်နေတယ်။ အခွန်မပေးရင်
ဖြတ်သန်းသွားလာခွင့်မပြုတဲ့။

ဒီတံတားက အရင်နှစ်ပေါင်းများစွာထဲကရှိတာဖြစ်ပြီး
ဒီတံတားကိုဖြတ်ပြီးမှသူတစ်ဖက်မြို့ကိုပစ္စည်းသွားပို့လို့်
ရမှာဖြစ်တယ်။ အရင်နှစ်တွေက တစ်ကြိမ်တစ်ခါမှမပေး
ခဲ့ရပေ။ လူကြီးသည် သူ၏ရပ်တန့်ထားရသောကုန်စည်
လှည်းများကိုကြည့်ကာ မျက်နှာတစ်ခုလုံးမည်းမှောင်ကုန်
တော့၏။

မြို့တော်ဝန်သူတို့ဆီက ဝါဂွမ်းနှင့်ကုန်စည်တစ်ချို့ဝယ်
ယူသေးတယ်။ နိမ့်ကျတဲ့ကျွန်တွေအတွက်မှန်းသိတာ
ကြောင့် သူဈေးကိုနှစ်ဆပေးမှရောင်းမယ်လို့ပြောပြစ်
လိုက်တယ်။ မြို့တော်ဝန်ကို ပညာပေးချင်တာကြောင့်
လည်းပါတယ်။ပြီးတော့သူတို့ကစီးပွားရေးသမားလေ
အမြတ်ရအောင်လုပ်ရမှာဘဲ။

ထိုအချိန်က မြို့တော်ဝန်ကဒေါသထွက်ကာဝုန်းဒိုင်းကျဲ
မယ်ထင်ခဲ့သော်လည်း မြို့တော်ဝန်ကပြုံးကာ သူ့မှာ
ပိုက်ဆံတွေအများကြီးရှိတာကြောင့် ဒီလောက်ကကိစ္စ
မရှိကြောင်းပြောလာတယ်။ ဘယ်သူသိမှာလဲနောက်တစ်
နေ့မှာ သူတို့ဆီကအခွန်တွေကောက်ပြီးငွေပြန်ရှာမယ်လို့။

သူ့တို့အဖြစ်က ဆုပ်လဲစူးစားလဲရူးလိုဘဲ။ ဘာများထူး
သေးလို့လဲ မင်းတို့ကုန်စည်တွေငါအကုန်သိမ်းတယ်လို့
တိုက်ရိုက်ပြောလိုက်ပါတော့လား။ သူတို့ဆီကိုပိုက်ဆံ
ပေးပြီး ကုန်စည်တွေဝယ်တယ်။ ပြီးရင်အဲ့တန်ကြေးအ
တိုင်းသူတို့စီကအခွန်ပြန်ကောက်တယ်။

သိပ်ကောင်းတယ် မြို့တော်ဝန်..!..

တပ်သားရဲ့မျက်နှာကမပြောင်းလဲပေ။ တပ်သားက
တံတား၏ညာဘက်တိုင်ခြေတွင်ကပ်ထားသောကြော်ငြာ
စာကိုညွှန်ပြ၏။

တံတားကိုဖြတ်သန်းသွားလာသူတိုင်း ကြေးပြား ၃၀
ပေးဆောင်ရမည်ဆိုသော အမိန့်စာအောက်မြို့တော်ဝန်
ကတံဆိပ်တုံးထုထား၏။ လူချမ်းသာလူကြီးမှာပါးစပ်
အပြည့်သွေးများအန်ထုတ်မိတော့မလိုပင်။ မျက်နှာ
တစ်ခုလုံး နီလိုက်စိမ်းလိုက်ဖြစ်နေတော့၏။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ