(Unicode)
Extra-1
(အကျွန်ုပ်၏ချစ်လှစွာသောမြို့တော်ဝန်)သစ်ပင်ကြီးများကမှိုင်းညို့နေပြီးလှပသောတောအုပ်ကြီး
အဖြစ်တည်ရှိနေ၏။လေထုထဲတွင်ပါလာသောသစ်တောနံ့ကလူကိုစိတ်ကြည်စေ၏။စမ်းချောင်းလေးကတသွင်
သွင်စီးနေပြီးအောက်ခြေရှိကျောက်စရစ်ခဲလေးများကိုပင်
မြင်နေရ၏။မျက်စိရှေ့တွင်ပင်ဖြတ်ပြေးသွားသောသမင်လေးတစ်
ကောင်ကြောင့်လူးကပ်မျက်လုံးလေးများပင်ဝိုင်းသွားရ၏။
မြို့တော်ဝန်ကတစ်ကယ့်တောအုပ်ထဲကိုခေါ်လာခဲ့ခြင်းပင်။"လူးကပ်"
"အင့်! ဟင့်!"
ခါးလေးမှနေ၍နောက်ကိုဆွဲယူကာလက်မောင်းများကြား
ထည့်ဖက်ခံလိုက်ရသောကြောင့်လူးကပ်အသံသေးသေး
လေးပင်ထွက်သွားရ၏။မြို့တော်ဝန်၏လက်ဖဝါးကြီးက
လူးကပ်၏ဝမ်းဗိုက်နားလေးတွင်ယှက်ကာနေရာယူထား
ပြီးလူးကပ်၏ခေါင်းပေါ်တွင်မြို့တော်ဝန်ကမေးတင်ထား
၏။လူးကပ်ကိုယ်လေးမှာပိုကာသေးကွေးသွားသလိုပင်။မြို့တော်ဝန် ကပြောလာ၏။
"အနားယူဖို့နေရာပြင်ပြီးပြီ..။တပ်သားတွေကိုလည်း
ဒီနေရာနဲ့တစ်မိုင်ပတ်လည်အကွာမှာနေရာချပြီးပြီ။
ဒီတစ်မိုင်ပတ်လည်အတွင်းမှာဒီမြို့တော်ဝန်နဲ့လူးကပ်
ဘဲရှိတာ။ဒီနေ့ကကိုယ်တို့ရဲမင်္ဂလာဦးနေ့လေ..
ဟင်း..အခြားသူနှောက်ယှက်မှာမျိုး မလိုချင်လို့တော
ထဲကိုထွက်လာတာ"လူးကပ်နားရွက်ဖျားလေးကိုလျှာနှင့်လျက်ခံလိုက်ရ
သောကြောင့်ကိုယ်လေးတွန့်သွားကာခေါင်းကိုတစ်ဖက်
စောင်းလိုက်မိ၏။မြို့တော်ဝန်ကိုမျက်လုံးလေးဝံ့ကာ
ကြည့်လိုက်ပြီးပြောလိုက်၏။"မြို့တော်ဝန် ကျွန်တော်တို့လက်ထပ်ပြီးတာ 3နှစ်
တောင်ရှိပြီလေ မင်္ဂလာဦးနေ့ကမပြီးသေးဘူးလား"လူးကပ်ပြောတာ အမှန်ပင် မြို့တော်ဝန်နှင့်သူ
လက်ထပ်ပြီးသည်မှာ သုံးနှစ်ပင်ရှိပြီဖြစ်၏။"မပြီးပါဘူး! ဒီမြို့တော်ဝန်အတွက်တော့နေ့တိုင်းက
မင်္ဂလာဦးနေ့ဘဲ"
KAMU SEDANG MEMBACA
အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]
Romansaနှလုံးသားနယ်မြေမှလှိုက်လှဲစွာကြိုဆိုပါ၏။ နှလုံးသားနယ်မြေမှလှိုက်လှဲစွာကြိုဆိုပါ၏။ For birthday girl♥