||2||

21.1K 1.8K 116
                                    

(Zawgyi)

||2||

ဓားတိုလေးက စမစ်၏ဝဖိုင့်သောလည်ပင်းထဲကို
နစ်ဝင်ကာဖြတ်သန်းသွား၏။ စမစ်သည်မျက်လုံး
များပြူးကျယ်သွားကာ သူ့လည်ပင်းကိုဖိကိုင်လိုက်
ချိန်တွင်လက်ချောင်းများကြားမှသွေးများက စီးကျ
လာ၏။

"မင်း!"

ရုပ်ရည်သာမန်ဖြင့်သူက ခပ်မဲ့မဲ့တစ်ချက်ပြုံးသည်။

"တွေ့ရတာဝမ်းသာပါတယ် ကျုပ်ကခင်ဗျားပြောနေ
တဲ့ မြို့တော်ဝန်အရူး ဝီလီယမ်ဂျိန်းဆိုတာဘဲ"

စမစ်သည် ပြူးကျယ်သောမျက်လုံးများဖြင့်နေရာတွင်
ပင်ဗိုင်းကနဲလဲကျကာသေဆုံးသွားလေ၏။ အပြင်ဘက်
တွင်လည်း ဆူညံသံများဆက်တိုင်ထွက်ပေါ်နေ၏။

"စိတ်ပူစရာမလိုတော့ဘူး ခင်ဗျားတို့အားလုံးဘေးကင်း
ပါပြီ"

ကြောက်လန့်နေကြသောသူများ၏ မျက်လုံးထဲတွင်
မျှော်လင့်ချက်လေးများသန်းလာကြ၏။ ထိုသူများက
ရောင်းစားခံရသူများ ဖမ်းစီးခံရသူများစသဖြင့်ပါဝင်
၏။ ငယ်လွန်းသေးသော ၁၀နှစ် ပတ်လည်ခန့်ကလေး
များကိုကြည့်ကာ သူဒေါသထွက်ရ၏။ ကျွန်ရောင်း
ဝယ်ကြသောသူများသည် တစ်ကယ့်ကိုရွံမုန်းဖို့ကောင်း
၏။

"မြို့တော်ဝန် ကျွန်တော်တို့ အခြေအနေအားလုံးကို
ထိန်းချုပ်ပြီးပါပြီ"

"ကောင်းပြီ ဘုရင်မကြီးဆီစာလွှာပို့လိုက်။ ကျန်တဲ့သူ
တွေက သူတို့ကိုနေအိမ်ပြန်လွှတ်သင့်သူလွှတ်ပြီးကျန်
တဲ့သူတွေအတွက် အဆင်ပြေစေမယ့် ​နေရာမျိုးစီစဉ်
ပေးလိုက်ပါ။ ပြီးရင် အိမ်တော်ပြန်မယ်"

"ဟုတ်ကဲ့ မြို့တော်ဝန်"

"W" အမှတ်တံဆိပ်ပါသံချပ်ကာများကိုဝတ်ထား
သောတပ်သားများသည် မြို့တော်ဝန်၏အမိန့်အတိုင်း
မြန်မြန်ဆန်ဆန်ပင်လုပ်ဆောင်သွားကြ၏။

မြို့တော်ဝန်ကရီကန်ဒီယာမြို့တော်ကိုထိန်းချုပ်ရန်
ဘုရင်မကြီးကိုယ်တိုင် စေလွှတ်လိုက်သောသူဖြစ်၏။
ပွင့်လင်းမြင်သာလာသောခေတ်တွင် ဘုရင်မကြီးက
ကျွန်ရောင်းဝယ်ရေး စနစ်ကိုပယ်ဖျက်ချင်သည်။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ